မွန်ပြည်နယ်တွင် ၉ လအတွင်း မူးယစ်ဆေးဝါး ကျပ်သန်း ၃၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
October 6, 2017
မွန်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာအထိ ၉ လအတွင်း မူးယစ်ဆေးဝါး ကာလတန်ဖိုး ၃၀၄၁၀၀၂၅ ဒသမ ၆ သန်း ဖမ်းဆီးရမိထားပြီး စိတ်ကြွဆေးပြားက အများဆုံး ဖမ်းဆီးရမိကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
၉ လအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရမှု အများဆုံးဖြစ်ပြီး တခြားမူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ၊ ဘိန်းဆီခဲ၊ အိုက်စ်၊ ဘိန်းစာရွက် စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တရဲမှူး ဦးစီးရဲမှူး စိုးလွင်က “မွန်ပြည်နယ်မှာ ၂၀၁၇ မှာ လက်ရှိအချိန်ထိ မူးယစ်ဆေးဝါးမှု ၂၀၃ မှုဖြစ်ပွားခဲ့တယ်။ တရားခံ စုစုပေါင်း ၃၆၁ ယောက် ဖမ်းဆီးရမိတယ်၊ ကျားက ၃၃၇ ဦးနဲ့ မ က ၂၄ ဦး ဖမ်းမိတယ်” လို့ ပြောပါတယ်။
တခြားမှုခင်းတွေအနေနဲ့ လက်ရှိအချိန်အထိ မွန်ပြည်နယ်မှာ ယာဉ်တိုက်မှု ၆၀၃ မှု၊ ခိုးမှု ၁၇၂ မှု၊ မုဒိမ်းမှု ၃၇ မှုနဲ့ လူသတ်မှု ၃၆ မှုအထိ ဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
သတင်း - အာကာမင်း