နိုင်ငံခြား​ငွေလဲနှုန်း​စနစ်သစ် စတင်​တော့​မည်ဟု ဗဟိုဘဏ်​ကြေညာ

လက်ရှိ ကျင့်​သုံး​နေ​သော နိုင်ငံခြား​ငွေလဲနှုန်း​စနစ်ကို ဖျက်သိမ်း​ပြီး​၊​ ​ဈေး​ကွက်ကို အ​ခြေခံတဲ့​ နှုန်း​ရှင်​ငွေလဲနှုန်း​စနစ်ကို ဧပြီ ၁ ရက်​နေ့​က စလို့​ ကျင့်​သုံး​သွား​မယ်လို့​ မြန်မာနိုင်ငံ​တော် ဗဟိုဘဏ်က ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်​ ၁၉၇၇ ခုနှစ်ကတည်း​က ကျင့်​သုံး​နေတဲ့​ အထူး​ထုတ်ယူခွင့်​ (SDR) တယူနစ်ကို ၈ ဒသမ ၅ ကျပ်နှုန်း​နဲ့​ နိုင်ငံခြား​ငွေလဲလှယ်​ရေး​စနစ်ကိုလည်း​ ဖျက်သိမ်း​လိုက်ပြီး​၊​ ဗဟိုဘဏ်က ထိန်း​ကြောင်း​မှုရှိတဲ့​ နှုန်း​ရှင်​ငွေလဲနှုန်း​စနစ်ကို ​ပြောင်း​လဲကျင့်​သုံး​မယ်လို့​ ဗဟိုဘဏ်ရဲ့​ ​ကြေညာချက်က ဆိုပါတယ်။ က​မ္ဘော့​ဇဘဏ်ရဲ့​ ဒု-ဥက္ကဋ္ဌ ဦး​သန်း​လွင်က မြန်မာပြည်မှာ ကျင့်​သုံး​မယ့်​ စနစ်သစ် (Managed Floating Exchange Rate Regime)ဟာ ​ခေတ်မီပြီး​ ​ကောင်း​မွန်တဲ့​ စနစ်ဖြစ်တယ်လို့​ ​ပြောပါတယ်။ “ဒီအတိုင်း​ကြီး​ လွှတ်ထား​ပေး​လို့​ မရဘူး​။ floating လည်း​ ဒီအတိုင်း​ပဲ။ market နဲ့​လွှတ်ထား​ရင် speculation ကများ​မယ်။ များ​ရင်များ​သလို တအား​ ​ထောင်တက်တာတို့​၊​ ကျသွား​တာတို့​ ဆိုရင် နိုင်ငံခြား​ ရင်း​နှီး​မြှုပ်နှံမှုအတွက် ဒုက္ခ​ရောက်တယ်။ fluctuation (​ဈေး​ကွက်မငြိမ်) ​ခေါ်တာ​ပေါ့​ ။အခုတက်လိုက် အခုကျလိုက် ဒါမျိုး​တွေ​တော့​မဖြစ်ဘူး​။ အဲ​တော့​ အတက်အကျကနည်း​နည်း​လေး​ မသိမသာ သွား​တယ်ဆိုရင်​တော့​ တည်ငြိမ်သွား​တာ​ပေါ့​။ အဲဒီလို လိုချင်ရင်​တော့​ သက်ဆိုင်ရာ ဗဟိုဘဏ်​တွေက Managed Floating ဆိုတာဖြစ်လာတယ်။ ဒါက အိုင်အမ်အက်ဖ်က ထွင်တဲ့​ဟာ​တွေပဲ။ တဖြည်း​ဖြည်း​နဲ့​ အတက်အကျကသိမ်ပြီး​တော့​ မတရား​ အတက်အကျ မဖြစ်​အောင်လို့​ ဝင်ထိန်း​ကျောင်း​တဲ့​ နည်း​စနစ်​ပေါ့​။ ဒါက​တော့​ ကမ္ဘာမှာလည်း​ ​တော်​တော်​လေး​ကျင့်​သုံး​လား​ပါပြီ ။ အိုင်အက်မ်အက်ဖ် က​တော့​ ပိုပြီး​ ကျွမ်း​ကျင်တာ​ပေါ့​ဗျာ။ အဲဒါကို ကျ​နော်တို့​လည်း​ အကြံ​ပေး​နေတာ အဲဒါလည်း​ပါပါတယ်။ အဲဒီစနစ်က ​ကောင်း​ပါတယ်။ ” မြန်မာကျပ်​ငွေတန်ဖိုး​ကို ကမ္ဘာက အသိအမှတ်ပြုခဲ့​ရတဲ့​ လွတ်လပ်​ရေး​ရပြီး​ အချိန်က​နေ ၁၉၆၀ ပြည့်​ တဝိုက်အထိ နိုင်ငံခြား​ငွေလဲနှုန်း​စနစ်ကို ဗဟိုဘဏ်က ထိန်း​ချုပ်မှုရှိတဲ့​ စနစ် ကျင့်​သုံး​ခဲ့​ဖူး​တယ်လို့​ ဦး​သန်း​လွင်က ​ထောက်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ (အိုင်အမ်အက်ဖ်)ရဲ့​ ၂၀၀၈ ခုနှစ်က ထုတ်ပြန်ထား​ချက်အရ မြန်မာပြည်က ကျင့်​သုံး​တော့​မယ့်​ ဗဟိုဘဏ် သို့​မဟုတ် အစိုး​ရက ထိန်း​ကြောင်း​မှုရှိတဲ့​ ​ဈေး​ကွက်အ​ခြေခံ နိုင်ငံခြား​ငွေလဲနှုန်း​စနစ် (Managed Floating Exchange Rate Regime)ကို ကျင့်​သုံး​တဲ့​ ကမ္ဘာ့​ နိုင်ငံ​ပေါင်း​ ၄၀ ​ကျော် ရှိပါတယ်။ အာဆီယံနိုင်ငံ​တွေထဲက စီး​ပွား​ရေး​ဖွံ့​ဖြိုး​နေတဲ့​ စင်ကာပူ၊​ မ​လေး​ရှား​၊​ ထိုင်း​ အပါအဝင် အား​လုံး​လိုလိုဟာလည်း​ ​ဈေး​ကွက်ကို အ​ခြေခံ၊​ အစိုး​ရက ထိန်း​ကြောင်း​တဲ့​ နိုင်ငံခြား​ငွေလဲနှုန်း​စနစ်ကို ကျင့်​သုံး​ပါတယ်။ ဦး​သန်း​လွင်က စနစ်သစ်ကို ကျင့်​သုံး​တဲ့​နောက် ဗဟိုဘဏ်ရဲ့​ ပွင့်​လင်း​မြင်သာမှုနဲ့​ ​ဈေး​ကွက်အ​ပေါ် ကျွမ်း​ကျွမ်း​ကျင်ကျင် ကိုင်တွယ်နိုင်ဖို့​က အ​ရေး​ကြီး​တဲ့​ ကိစ္စ​တွေ ဖြစ်တယ်လို့​ ​ပြောပါတယ်။ “‘ဒါကို ကျ​နော်လည်း​ အစဉ်တစိုက် ​ပြော​နေတယ်။ ပညာရှင်​တွေနဲ့​ သုံး​ပြီး​တော့​ လုပ်ပါ။ ခုနလို ဘာသာရပ် မကျွမ်း​ကျင်ဘူး​။ နား​မလည်ဘူး​။ ကျွမ်း​ကျင်မှု မရှိဘူး​။ ပညာရှင်လည်း​ မဟုတ် ဘူး​ဆိုရင် လုပ်ရကိုင်ရခက်တယ်၊​ စမ်း​တဝါး​ဝါး​ ဖြစ်​နေရင် ​ဈေး​ကွက်က တခါ လွှမ်း​မိုး​နေမယ်။ အခု​တော့​ သူတို့​လည်း​ နည်း​နည်း​ပါး​ပါး​ကျွမ်း​ကျင်သူ​တွေ ​ခေါ်ထား​တယ်လို့​ ကြား​ရတယ်။ အဓိ က​တော့​ ဗဟိုဘဏ်ရ ပွင့်​လင်း​မြင်သာမှုရှိရမယ်။ ဝက်ဆိုဒ်​တွေဘာ​တွေက​နေ ဘာလုပ်​နေ တယ် ညာလုပ်​နေတယ် ဆိုတာ ​ဈေး​ကွက်ကို တုံ့​ပြန်​နေရမယ်၊​ ဗဟိုဘဏ်က သတင်း​ ထုတ်ပြန် ချက်​တွေ လိုတယ်။ အဲဒါ​တွေက​တော့​ အ​ရေး​ကြီး​တယ်။ ပွင့်​ပွင့်​လင်း​လင်း​ ထင် သာမြင်သာ လုပ်ဖို့​သင့်​တယ်။” လက်ရှိ ​ဈေး​ကွက်​ပေါက်​ဈေး​က အ​မေရိကန် ၁ ​ဒေါ်လာ ကျပ် ၈၀၀ ဝန်း​ကျင် ​ဈေး​ပေါက်ပြီး​၊​ စနစ်သစ်ကို စတင်ကျင့်​သုံး​တဲ့​အခါ ရည်ညွှန်း​နိုင်ငံခြား​ငွေလဲလှယ်နှုန်း​ (Reference Foreign Exchange Rate) ကို ​နေ့​စဉ် ​ကြေညာသွား​မယ်လို့​ ဗဟိုဘဏ် ​ကြေညာချက်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up