Home
မြန်မာသတင်း
တနင်္သာရီမြစ်တွင်း ကူးတို့လှေ ၁ စီး တိမ်းမှောက်၍ ၂ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံး
DVB
·
October 5, 2017
  မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာကူးတို့ဆိပ်မှ ကူးတို့လှေတစ်စီး အောက်တိုဘာ ၅ ရက်နေ့၊ မနက် ၁၀ နာရီလောက်က တနင်္သာရီမြစ်တွင်းမှာ တိမ်းမှောက်ခဲ့ပြီး ၂ ယောက်သေဆုံး၊ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ မင်းသန်းကျေးရွာမှ မောင်းလှော်ရွာကို သွားတဲ့ ကူးတို့လှေဟာ ခရီးသည် ၃၀ ဦး တင်ဆောင်ပြီးသွားရာ တနင်္သာရီမြစ်လယ်မှာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။ ကူးတို့လှေ တိမ်းမှောက်မှုကြောင့် ဒေါ်စန်းကြူ (၆၅-နှစ်) သေဆုံးပြီး၊ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ ပျောက်ဆုံးနေကာ ဒဏ်ရာရ လူနာ ၃ ဦးကို ကျန်းမာရေးအထောက်အကူပြု ယာဉ်နဲ့ မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားတယ်လို့ သိရပါတယ်။ ကူးတို့လှေ တိမ်းမှောက်ရာမှာ ပျောက်ဆုံးနေသူ ၄ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက စက်လှေတွေနဲ့ လိုက်လံရှာဖွေရာ နေ့လယ် ၂ နာရီလောက်မှာ ဒေါ်ဌေးဌေးလှိုင် (၄၀-နှစ်) အလောင်းကို တနင်္သာရီမြစ်တွင်းက ဆယ်ယူရရှိပြီး ကျန်ရှိသူတွေကို ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024