Home
မြန်မာသတင်း
ARSA အကြမ်းဖက်သမားများ သိုဝှက်ထားသည့် လက်နက်ခဲယမ်းများ တွေ့ရှိ
DVB
·
October 5, 2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဝန်ချောင်းကျေးရွာအနီးမှာ ARSA အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ လက်နက်ခဲယမ်းနဲ့ မိုင်းတွေ ရှာတွေ့ခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သဝန်ချောင်းကျေးရွာ အနီးပတ်ဝန်းကျင်တဝိုက် သွားရောက်ရှာဖွေရာမှာ ရွာအရှေ့မြောက်ဘက် မီတာ ၁၀၀၀ လောက်အကွာရှိ ရေချောင်းအနီး မြေကြီးထဲက ပလတ်စတစ်အိတ်ထဲမှာ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည် ၁၄ တောင့်၊  ဒေသန္တရလက်လုပ်မိုင်း ၇ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ Remote ခလုတ် ၉ ခုနဲ့ ဓာတ်ခဲတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၃၀ ရက်ကလည်း ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာနားမှာ ARSA အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့  လက်လုပ်မိုင်း ၂လုံးကို လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက မိုင်းခွဲတိုက်ခိုက်မှုတွေ ဆောင်ရွက်လာခဲ့ရာမှာ သြဂုတ် ၂၅ ရက်မတိုင်မီ မိုင်းဖြစ်စဉ် ၁၃ ကြိမ်၊ သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်း မိုင်းဖြစ်စဉ် ၇၅ ကြိမ်ရှိပြီလို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024