အာဖဂန်ဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်း

ဥရောပသမဂ္ဂအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံက ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို မိခင်နိုင်ငံ ပြန်ပို့တဲ့လုပ်ရပ်ကို ရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းသွားပါတယ်။ အာဖဂန်နစ္စတန်မှာ လုံခြုံရေးညံ့ဖျင်းတဲ့ အခြေအနေအောက်မှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းသွားလာသူတွေကို အခုလို ပြန်ပို့တဲ့ကိစ္စဟာ အန္တရာယ်တွင်းထဲ ပို့လိုက်တာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားလိုက်ပါတယ်။ အခုလို ပြောကြားပေမယ့်လည်း ဥရောပသမဂ္ဂဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံက လာတဲ့ ခိုလှုံခွင့်မရသူတွေကို ပြန်ပို့တဲ့လုပ်ရပ်ကို အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နောက်ပြီး  ဥရောပသမဂ္ဂဟာ  ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်အတွင်း လူအများအပြား ဝင်ရောက်လာတာကို ကိုင်တွယ်ဖြေရှင်းတဲ့အနေနဲ့ သူ့ရဲ့ နယ်စပ်တွေကိုလည်း ပိတ်ဆို့ထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ဥရောပသမဂ္ဂ္ဂရုံးဆိုင်ရာ ဒါရိုက်တာ အိဗာနာ မက်ဂိုဝန်က ပြောကြားရာမှာ အာဖဂန်နစ္စတန်နိုင်ငံဟာ ဆိုးဆိုးဝါးဝါး လုံခြုံမှုမရှိတဲ့ အရပ်ဒေသဖြစ်ဆဲ ဖြစ်ပြီး၊ ဥရောပနိုင်ငံတွေအနေနဲ့ သူတို့ကို ပြန်ပို့နေတာ ရပ်တန့်ဖို့ တိုက်တွန်းသွားတာ ဖြစ်ပါတယ်။

More News
Up