DVB Logo
Home
မြန်မာသတင်း
သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား
DVB
·
March 28, 2012
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေဖြစ်ပွား​ခဲ့​ပါတယ်။

ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက်ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင်တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။

“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

ဗုံး​ပေါက်ကွဲမှု​ကြောင့်​ လူအ​သေအ​ပျောက် ရှိတယ်ဆိုတဲ့​ သတင်း​တွေကို​တော့​ မရရှိ​သေး​ပါဘူး​။ သိန္နီတံတား​ဟာ မူဆယ် - မန္တ​လေး​ လမ်း​မကြီး​ပေါ်မှာရှိပြီး​ ကွန်ကရစ်တံတား​ အမျိုး​အစား​ ဖြစ်ပါတယ်။ ဗုံး​ကွဲမှု​ကြောင့်​ ကွန်ကရစ် တံတား​တိုင် အနည်း​အကျဉ်း​ ထိခိုက် မှုရှိ​ပေမယ့်​ ကြီး​ကြီး​မား​မား​ပျက်စီး​မှုမရှိခဲ့​ပါဘူး​။ ဒါ့​ပြင် ယာဉ်အသွား​အလာ​တွေလည်း​ ဆက်လက် ရှိ​နေဆဲလို့​သိရပါတယ်။

ဗုံး​ကွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ ဘယ်သူ့​လက်ချက် ဖြစ်သလဲ ဆိုတာကို​တော့​ မသိရ​သေး​ဘဲ သိန္ဒီရဲစခန်း​နဲ့​လည်း​ ဆက်သွယ်လို့​မရ​သေး​ပါဘူး​။

သိန္နီမြို့​ဟာ လာမယ့်​ ၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ လွှတ်​တော်အတွက် ကိုယ်စား​လှယ်​လောင်း​တွေ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ​နေရာဖြစ်ပါတယ်။ ဒီဗုံး​ပေါက်ကွဲမှု​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲရဲ့​ လုံခြုံ​ရေး​ အ​ပေါ် သက်​ရောက်မှုရှိ၊​ မရှိက​တော့​ မသိရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013