ပရိုဂရမ်ထည့်သွင်းထိန်းချုပ်နိုင်ပြီး အင်းဆက်ကောင်တူသည့် စက်ရုပ်တီထွင် (ရုပ်သံ)
DVB
·
October 3, 2017
ဟက်ဇာ (Hexa)က ကြောက်မက်ဖွယ်ရာ အရွယ်အစားကြီးမားလှတဲ့ အင်းဆက်တကောင်နဲ့ တူပြီး ပရိုဂရမ်ထည့်သွင်းထိန်းချုပ်နိုင်တဲ့ စက်ရုပ်တွေထဲမှာ အကြီးဆုံးတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဟက်ဇာ (Hexa)ကိုပြုလုပ်ခဲ့တဲ့ တရုတ်တီထွင်သူ အဖွဲ့ ဘင်းခရော့စ်(Vincross) က ပြုလုပ်ခဲ့တာပါ။
“ဟက်ဇာ(Hexa)မှာ ကင်မရာတစ်လုံးရယ်၊ အကွာအဝေးတိုင်း ဆင်ဆာရယ်၊ ညကြည့်လုပ်ဆောင်ချက်နဲ့ မြေဆွဲငင်အားတိုင်း ဆင်ဆာတွေ ပါရှိပြီး ပတ်ဝန်းကျင်က သတင်းအချက်အလက်အားလုံးကို အာရုံခံရယူပေးပါတယ်။ ပြီးရင်တော့ ခြေလှမ်းတိုင်းကို ထိန်းချုပ်ပြီး ဟိုဟိုသည်သည် သွားလာနိုင်ပါတယ်”လို့ ဘင်းခရော့စ်(Vincross) က ပြောပါတယ်။
အခြေခံအားဖြင့်က ကြိုတင်ထည့်သွင်းထားတဲ့ ပရိုဂရမ်အတိုင်းပဲ လုပ်ဆောင်မှာ ဖြစ်ပေမယ့် ခြေဟန်လက်ဟန်နဲ့ ဖုန်းအချက်ပြမှုစတာတွေကနေ အမိန့်ပေးစေခိုင်းနိုင်ဖို့ ကိုလည်း တိုးချဲ့လုပ်ဆောင် နေပါတယ်။ အသုံးပြုသူ တဦးနဲ့တဦး စကေးစတိုး(Skill Store)ကနေပြီး ပရိုဂရမ်တွေကို မျှဝေနိုင်ကြပါတယ်။ ကနဦးထုတ်လုပ်မှုအတွက် စည်းရုံးလှုံ့ဆော်ရာမှာ လိုအပ်တဲ့ဒေါ်လာ တစ်သိန်းထက် ၂ဆကျော်ရရှိခဲ့ပါတယ်။ ဒီလို ငွေကြေးထောက်ပံ့သူတွေအတွက် စက်ရုပ်တွေကို လာမယ့် ဖေဖော်ဝါရီလမှာ ရရှိမှာဖြစ်ပါတယ်။