SME လုပ်ငန်းရှင်များ၏ ချေးငွေကို သက်သာသည့်အတိုးနှုန်းထား ပြင်ဆင်သတ်မှတ်ပေးမည်
စိုးမိုးအောင်
·
October 3, 2017
မြန်မာနိုင်ငံရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ချေးငွေကို အောက်တိုဘာ ၁ ရက်ကစပြီးသက်သာတဲ့အတိုးနှုန်းထားနဲ့ ပြင်ဆင်သတ်မှတ်ပေးမယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုစီးပွားရေးကော်မတီဝင် ဦးစိုးဝင်းက ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာကျင်းပတဲ့ Myanmar Printing Industry Development Fourm 2017 ဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။
အစိုးရအနေနဲ့ SME လုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၈ ဘီလျှံကို သုညဒသမ တပြားနှုန်းနဲ့ချေးပေးထားတာဖြစ်ပါတယ်။
အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစိုးရကနေ ချေးငွေတွေပေးမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ မှတ်ပုံတင်ထားဖို့လိုမယ်လို့လည်း ဆိုပါတယ်။