Home
သတင်းဓာတ်ပုံ
နိုင်ငံတကာသံတမန်အဖွဲ့ မောင်တောဒေသခံတိုင်းရင်းသားများနှင့် မွတ်စလင်များကို တွေ့ဆုံမေးမြန်း
DVB
·
October 2, 2017
22221583_169144306970899_2829193008896242209_n
22140888_169144356970894_572250915478129819_n
22089337_169144206970909_5211851509294821756_n
20375828_169144163637580_8378359173558406435_n
  ရခိုင်ပြည်နယ် မောင်တောဒေသ ကျေးရွာတွေကို နိုင်ငံတကာ သံတမန်အဖွဲ့တွေ လာရောက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကို တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အမေရိကန်၊ ပြင်သစ်၊ ဒိန်းမတ်၊ နော်ဝေး၊ အစ္စရေး၊ နယူးဇီလန် စတဲ့နိုင်ငံတွေက သံတမန်အဖွဲ့ဝင် ၂၀ ဦးကျော်ဟာ ရသေ့တောင်မြိုနယ်ထဲက ကျေးရွာတချို့နဲ့ မောင်တောမြို့နယ်ထဲက ရွှေဇား၊ ပန်းတောပြင်၊ ရဲဘော်ကျား၊ နူရူလာ စတဲ့ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာပါ။ ”မွတ်စလင်တွေ ဘာကြောင့်မပြေးတာလဲ၊ တိုင်းရင်းသားတွေရော ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်နေရလဲ၊ အခုလောလောဆယ် ဘယ်လိုအခြေအနေရှိလဲ ဆိုတာတွေမေးကြတာ” လို့ ရွှေဇားရွာမှာရောက်နေတဲ့ ကိုဝင်းမောင်က ဒီဗွီဘီ ကိုပြောပါတယ်။ သံတမန်အဖွဲ့တွေဟာ ညနေ ၄ နာရီခန့်မှာ စစ်တွေမြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ကြ ပါတယ်။ ဓာတ်ပုံ - ဖိုးသား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024