Home
မြန်မာသတင်း
အမြန်လမ်းတွင် ယာဉ်တစီးတိမ်းမှောက်၊ အမျိုးသမီးတဦးသေဆုံး
DVB
·
October 2, 2017
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိရေတာရှည်မြို့နယ် သာဂရအမြန်လမ်းမကြီး ရဲစခန်းအပိုင်အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၇၁ နားမှာ ဒီနေ့မနက် ၁၀ နာရီလောက်က အိမ်စီးကား တစီးတိမ်းမှောက်လို့  အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ သာဂရအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၇၁/၀နှင့် ၁၇၁/၁အကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း မစိုးရွှေစင် မောင်းနှင်လာတဲ့ KLUGER ယာဉ်ဟာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရန်းတိုင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ၃ ဦးအနက် ဒေါ်ခင်မာမြိုင် မှာ နဖူးပေါက်ပြဲ၊ နားထင်ပွန်းပဲ့ ဒဏ်ရာတွေရရှိပြီး ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ သာဂရအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်အားမဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်းသူ ယာဉ်မောင်း မစိုးရွှေစင် ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က နဲ့ အမှူဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း ) ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024