DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကို အရပ်ဖက် ဥပဒေတွေ လိုက်နာဖို့ တိုက်တွန်း
DVB
·
March 27, 2012
တပ်မတော်ကို အရပ်ဖက် ဥပဒေတွေ လိုက်နာဖို့ တိုက်တွန်း
1 / 2
Donate to DVB

မတ်လ ၂၇ ရက်နေ့ ဖြစ်တဲ့ ဒီနေ့မှာ ကျင်းပပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ ပြုလုပ်တယ်လို့ သိရပါတယ်။

[caption id="attachment_23171" align="alignright" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption]

တပ်မတော်သားတွေဟာ အရပ်ဖက် ဥပဒေကို လိုက်နာပြီး ပြည်ထောင်စု လွှတ်တော် က ပေးထားတဲ့ ဘတ်ဂျက် အတိုင်း သုံးစွဲပြီး တပ်မတော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မှာ ပြောကြားလိုက်တာပါ။

“တို့တပ်မတော်သားတွေဟာ တပ်မတော် နည်းဥပဒေ အက် ဥပဒေတွေကို လိုက်နာကြရုံ သာမက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အရပ်ဘက်ဆိုင်ရာ ဥပဒေတွေကိုလည်း လိုက်နာ ထိန်းသိမ်း ဆောင်ရွက်ကြရမယ်။ နိုင်ငံတော်ရဲ့ အသက်သဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို နိုင်ငံသား အားလုံးနဲ့ အတူ တို့တပ်မတော်ကလည်း လေးစား လိုက်နာရမှာ ဖြစ်တယ်။”

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ အရပ်ဖက် ဥပဒေတွေ ကို လေးစား လိုက်နာဖို့ ပြောကြား လိုက်တာပါ။ လက်ရှိကာလမှာ အရပ်သားနဲ့ တပ်မတော်သား အခင်း တစုံတရာ ခိုက်ရန်ဖြစ်ပွားရင် တပ်မတော်သားကို အရပ်ဘက် ဥပဒေနဲ့ အရေးယူခွင့် မရှိပါဘူး။

တပ်မတော်သားတွေဟာ အရပ်သား ဥပဒေတွေကို ချိုးဖောက်ခဲ့ရင်  အရပ်ဘက် တရားရုံးတွေမှာ စွဲတင်နိုင်ခြင်း မရှိပါဘူး။  တပ်မတော်က စစ် ဥပဒေတွေနဲ့ပဲ အရေးယူခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားတွေကို အရပ်သား ဥပဒေတွေ ကို လေးစား လိုက်နာဖို့ ပြောတာကို ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး နာယက သူရဦးတင်ဦးက ၀မ်းမြောက် ကြိုဆိုတယ်လို့ ခုလိုပဲ ပြောကြားပါတယ်။

“ဒီမိုကရေစီ အင်အားစုတွေနဲ့ တပ်မတော်နဲ့ ပိုပြီးတော့ ရင်ကြားစေတဲ့၊ မီးမောင်းထိုးပြတဲ့ အခင်းအကျင်း ဖြစ်တယ်ဆိုရင် တကယ်လိုလားတာ မှန်တယ် ဆိုရင် ထောက်ခံတယ်။ ၀မ်းသာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီိလိုပဲ လိုလားလို့ စစ်ကိုင်း မိန့်ခွန်းမှာ ပြောသွားတာပါ။ ကျနော်တို့က ထောက်ခံ ကြိုဆိုတယ်။ ဒီနေ့လည်း ဒါကို အလေးအနက်ထား ပြောတယ်။ ပြည်သူလူထုရဲ့ ခေါင်းဆောင်မှုကို ခံယူရမယ်။ ဆိုလိုတာက ပြည်သူလူထုနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ဥပဒေအားလုံးကိုလည်း တပ်မတော်က လိုက်နာရမယ်။ ငါတပ်မတော်သားဖြစ်တဲ့အတွက် ကျန်တဲ့ ဥပဒေတွေ လိုက်နာစရာမလိုဘူး ဆိုတာ မဟုတ်ဘူး။

တပ်မတော်သားဖြစ်တဲ့အတွက် ပြည်သူလူထုတွေအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေ မှန်သမျှကို သူတို့က တရားဥပဒေနဲ့ အညီ လိုက်နာဆောင်ရွက်ရမယ်။ ဒါမှသာလျှင် ဒီမိုကရေစီကို ရှေးရှုနိုင်မှာ ဖြစ်တယ်။”

မနှစ်က တပ်မတော်နေ့ အခမ်းအနားကို စစ်ရေးပြတာတွေ မလုပ်ပေမယ့် ဒီနှစ်မှာတော့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားပါရှိပြီး အင်အား ၁၃၀၀၀ ကျော် က တပ်မတော်နေ့ အခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုလည်း တပ်မတော် အနေနဲ့ ပြောဆိုတာ မရှိ ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့  ဖက်ဆစ်တော်လှန်ရေးနေ့ အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ယနေ့ မြန်မာနိုင်ငံဟာ အကြောက်တရား လွှမ်းမိုးမှုကို တော်လှန်ပြီး ကိုယ်လိုလားတဲ့ လူအဖွဲ့အစည်း တခု ထူထောင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အချိန် ဖြစ်တယ်လို့ သ၀ဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာမှာ  စိတ်ဓာတ်တော်လှန်ရေး ဆင်နွှဲနေ ရသော ကာလမှာ တိုင်းချစ်ပြည်ချစ် တိုင်းရင်းသား အားလုံးတို့ဟာ မိမိတို့အနေနဲ့ ဘာလုပ်ခဲ့ပြီးပြီလို့ မစဉ်းစားပဲ ဘာတွေ ဆက်လုပ်ဖို့ ရှိသေးတယ် ဆိုတာ အာရုံ စိုက်စေချင်ကြောင်း ဆရာကြီး မင်းသုဝဏ်ရဲ့ `သူ့မှာတမ်း´ ကဗျာနဲ့ တင်စား ဖော်ပြ ပါရှိ ပါတယ်။

၈၈မျိုးဆက် ကျောင်းသားများကလည်း တော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ အသွင်ကူးပြောင်းရေး ကာလမှာ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းများကို တော်လှန်ပြောင်းလဲ ပစ်ရန် လိုပြီး။

အဲဒီအတွက် အစိုးရကို ပြည်သူစိတ် ပြောင်းလဲလာစေဖို့နဲ့၊ ပြည်သူကို အစိုးရ စိတ် ပြောင်းလဲ လာစေဖို့၊ အစိုးရ ၀န်ထမ်း အဖြစ်မှ ပြည်သူ့ဝန်ထမ်း အဖြစ် ပြောင်းလဲ လာဖို့နဲ့ ယနေ့ကာလဟာ ဦးတည်ပြောင်းလဲ ပစ်ရမည့် အတွေးအမြင် တော်လှန်ရေး တရပ် ဖြစ်ကြောင်း အလေးအနက် ယုံကြည် တိုက်တွန်း လိုက်တယ်လို့ ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013