တရုတ်အမျိုးသားနေ့ အထိမ်းအမှတ် ဟောင်ကောင်တွင် မီးရှူးမီးပန်းပစ်ဖောက်ပွဲ ကျင်းပ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့က ဟောင်ကောင်မြို့ရှိ ဝိတိုရိယဆိပ်ကမ်းမှာ ၂၃ မိနစ်ကြာ မီးရှူးမီးပန်းပစ်ဖောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဆိပ်ကမ်းရှိ ရေယာဉ် ၃ စီးကနေ ပစ်လွှတ်တဲ့ မီးရှူးမီးပန်းပစ်ဖောက်ပွဲ အခမ်းအနားကို ပြည်သူ ထောင်ချီပြီး လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ အစောပိုင်းက နိုင်ငံတော်အလံလွှင့်ထူပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပေမယ့် လူထောင်ပေါင်းများစွာဟာ ဟောင်ကောင်မှာ ဒီမိုကရေစီ ကင်းမဲ့တာနဲ့ ပတ်သက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး အဲဒီအခမ်းအနားကို ပြည်မကြီး၊ ဟောင်ကောင်နဲ့ မကာအိုဒေသတို့မှာ အသီးသီး ကျင်းပခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up