တိုက်လေယာဉ်နှစ်စင်း ပျောက်ဆုံးနေသည့်ကိစ္စ စုံစမ်းနေဟု အမေရိကန်ရေတပ် ပြော

ဓာတ်ပုံ - Mate Airman Tommy Gilligan
အမေရိကန်စစ်တပ်ရဲ့ လေ့ကျင့်ရေးတိုက်လေယာဉ်နှစ်စင်း ပျောက်ဆုံးနေတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။ အမေရိကန်ရေတပ်ဟာ တန်နက်ဆီပြည်နယ်မှာ အောက်တိုဘာ ၁ ရက်က ပျက်ကျသွားတဲ့ တိုက်လေယာဉ်တစင်းနဲ့ လေတပ်စခန်းကို ပြန်ရောက်မလာတဲ့ တိုက်လေယာဉ်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ မစ္စစ္စပီပြည်နယ် မာရီဒီယန် ရေတပ်စခန်းက T-45 လေယာဉ်အမျိုးအစားဖြစ်တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ကြေညာထားပါတယ်။ နောက်လေယာဉ်တစင်းဖြစ်တဲ့ T-45C တိုက်လေယာဉ်ဟာလည်း မစ္စစ္စပီပြည်နယ်က တယ်လီကိုလွင်ပြင်မှာ လေ့ကျင့်ရေးလုပ်အပြီး စခန်းကို ပြန်ရောက်မလာဘူးလို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up