Home
မြန်မာသတင်း
သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး
နော်နိုရင်း
·
March 27, 2012
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလ၀ါ ဆိပ်ကမ်းရှိ သစ်လုံးများ ထားရာ နေရာမှာ မတ် ၂၆ ရက်နေ့က မွန်းလွဲ ၂ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မတ် ၂၇ရက် မနက်ပိုင်းမှ မီးငြိမ်းသွားတယ်လို့ ဗဟိုမီးသတ်ဦးစီးဌာနက ပြောပါတယ်။ [caption id="attachment_23165" align="alignleft" width="300" caption="သစ်လုံးများ မီးလောင်ကျွမ်းနေစဉ်"][/caption] မီး စတင် လောင်ကျွမ်းပုံနဲ့ ပတ်သက်ပြီး ဗဟို မီးသတ်ဦးစီးဌာနက တာဝန်ကျ မီးသပ် တပ်သား တဦးက ခုလို ပြောပြ ပါတယ်။ “စလောင်တာတော့ ၂၄၊ ၂၅ မှာစလောင်တယ်။ မီးထိန်းတာတော့ ၂၆ ရက်နေ့ ည ၁၂ နာရီမှာ မီးထိန်းနိုင်သွားတယ်။ ၂၇ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မီးငြိမ်းသွားပါတယ်။ လမ်းသွားလမ်းလာ တဦးက ကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချလိုက်တာကနေ ကိုင်းတောက တဆင့် သစ်လုံးတွေကို မီးလောင်သွားတာပါ။” မီးလောင်မှု စတင် ဖြစ်ပွားသော နေရာမှာ သီလ၀ါဆိပ်ကမ်းရှိ ထူးကုမ္ပဏီနှင့် CIFG ကုမ္ပဏီပိုင် သစ်တွေ မီးလောင်ကျွမ်းခဲ့ပြီး သစ်တန်ချိန် ၇၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်အရာရှိက ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်မှုဖြစ်စဉ် အတွင်း  မီးသတ်တပ်ဖွဲ့ဝင် တချို့ မီးခိုးငွေ့တွေကြောင့် မူးလဲမှုတွေ ရှိခဲ့ပေမယ့် အခြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု မရှိဘူးလို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနက တာဝန်ကျ အရာရှိတဦးက ပြောဆိုသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024