Home
မြန်မာသတင်း
ဖြူးချောင်းရေအားလျှပ်စစ်ထုတ်စက်ရုံ မီးလောင်မှုဖြစ်ပွား
DVB
·
October 1, 2017
22089630_1353536914769372_8864953878863868457_n
22089343_1353536854769378_5002703435785387862_n
22050272_1353536754769388_1135703844200971302_n
22050176_1353536708102726_3413302032526762539_n
22046558_1353536681436062_8522768742979114861_n
  ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးချောင်းတမံရေအားလျှပ်စစ်စက်ရုံမှာ စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီလောက်က မီးလောင်မှု တခုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ “ဆယ်နာရီနာရီလောက်က လူတစ်ယောက်လာပြောတာ။ ဖုန်းသတင်းတော့ မဟုတ်ဘူး။ မီးလောင်နေတယ်ဆိုတာကို အဲဒါနဲ့ ဒီကမီးသတ်ကားတစီး၊ ဖြူးမြို့နယ်မီးသတ်ဌာနက နှစ်စီး၊ ညောင်ခြေထောက် အရန်မီးသတ်က တစီး စုစုပေါင်းလေးစီးပေါ့။ လာပြောတဲ့လူကလည်း ဖြူးရေအားလျှပ်စစ်မှာ မီးလောင်တယ်ပဲ ပြောတာ။ အခုလောလောဆယ် အဲဒါလေးပဲပြောလို့ ရဦးမယ်။ အခုအချိန်အထိ ပြန်မလာကြရသေးတော့ သတင်းအတိအကျ ပြောလို့မရသေးဘူး။ အဲဒီမှာ ဖုန်းလိုင်းကလည်း မမိဘူး” လို့ ဖြူးအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၃၀ ရက် ည ၁၀ နာရီက ဖြူးမြို့နယ် အနောက်ဘက် မင်းကံရိုးကျေးရွာအုပ်စု ဒိုင်းတရာကျေးရွာနှင့် ၇ မိုင်လောက်အကွာရှိ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှာ VCB ဓာတ်အားပို့လွှတ်မိန်းကို စက်ရုံရှိ အငယ်တန်းအင်ဂျင်နီယာ ၀န်ထမ်းတစ်ဦးဖြစ်သူက ၂၃၀ ကေဗွီ ထရန်စဖော်မာ ၂ လုံး၊ ၁၁x၁၁ ကေဗွီ ၁ လုံးတို့ကို ဓာတ်အားပို့လွှတ်ရာ ဒါးမိန်းမှရှော့ဖြစ်ပြီး ကေဗွီ ၂၃၀ ထရန်စဖော်မာ ၁ လုံးအား မီးလောင် ကျွမ်းခဲ့တာဖြစ်ပြီး ည ၂  နာရီမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုမှာ မှန်ကန်ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးမသိရှိရသေးကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကို စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲမှူးက ပြောပါတယ်။ အဆိုပါစက်ရုံကို ဖြူးချောင်းပေါ်မှာ ၂၀၀၁ -၂၀၀၂ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်လည်ပတ်နိုင်ခဲ့ပြီး လျှပ်စစ် ၄၀ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ပြီး တစ်နှစ်လျှင်ပျမ်းမျှထုပ်လုပ်မယ့် ဓာတ်အားမှာ ကီလိုဝပ်နာရီသန်း ၁၂၀ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024