DVB Logo
Home
မြန်မာသတင်း
လယ်/ဆည်ဝန်ကြီး တောင်းပန်ဖို့ အမတ်တွေလိုလား
DVB
·
March 26, 2012
လယ်/ဆည်ဝန်ကြီး တောင်းပန်ဖို့ အမတ်တွေလိုလား
Donate to DVB

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီး ဦးမြင့်လှိုင်ရဲ့ လွှတ်တော်အမတ်တွေ အပေါ် ဝေဖန်ချက်နဲ့ စပ်လျဉ်းပြီး ၀န်ကြီးက ပြန်လည် တောင်းပန်ဖို့ လွှတ်တော် အမတ်တွေက လိုလားနေပါတယ်။

[caption id="attachment_22609" align="alignleft" width="188" caption="ဒေါက်တာ အေးမောင်"][/caption]

၂၀၁၂- ၁၃ ဘဏ္ဍာရေး နှစ်အတွက် အသုံးစရိတ် ဖြတ်တောက် ခံရတဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနရဲ့ ၀န်ကြီး ဦးမြင့်လှိုင်နဲ့ မေးမြန်းချက် ကို Hot News ဂျာနယ်က  မတ် ၂၃ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အဲဒီ အင်တာဗျူး မှာ ဦးမြင့်လှိုင်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဆယ်တန်း မအောင်၊ စာမတတ်ဘဲ လွှတ်တော် အတွင်း ပြောသမျှ နာခံကာ ရမ်းလုပ်နေသူများ ဖြစ်တယ် ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကို ဝေဖန်ခဲ့ပါတယ်။

စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာ မြစ်ရေတင် စီမံကိန်းပေါင်းနဲ့ ရေကာတာ စီမံကိန်းတွေရဲ့ မအောင် မမြင် ဖြစ်မှုကို  ပြည်သူ့ငွေစာရင်းကော်မတီက စိစစ် အတည်ပြုပြီး  လွှတ်တော် မှာ ဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။ ဒီ ဆွေးနွေးချက် ကို ၀န်ကြီးက ရည်ညွန်း ပြောဆိုခဲ့တာပါ။

ဒီဝေဖန်ချက်ဟာ ပြည်ထောင်စုလွှတ်တော်နဲ့ လွှတ်တော် အမတ်တွေရဲ့ ဂုဏ်ကျက်သရေကို ထိပါးတဲ့ စကားကျွံမှု အဖြစ် ရှုမြင်ပြီး ပြည်သူ့ကိုယ်စားလှယ် အခွင့်အရေး ကာကွယ်တဲ့ ဥပဒေနဲ့ လိုအပ်သလို ဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီထံကို တိုင်ကြားဖို့ လက်မှတ် ကောက်ယူနေပါတယ်။

အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ အေးမောင်က  ၀န်ကြီးရဲ့ ပြောဆိုချက်ဟာ နိုင်ငံရေးအရ အားနည်းသလို ဆင်ခြင်တုံတရား ကင်းမဲ့တယ်လို့ ဝေဖန်ပါတယ်။ ၀န်ကြီးက တောင်းပန်ဖို့ လိုအပ်တဲ့ အကြောင်းနဲ့ မတောင်းပန်ရင်တော့   ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားစာမှာ ပါဝင် လတ်မှတ်ရေးထိုးမယ် လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ  လည်းဖြစ် တဲ့ ဒေါက်တာ အေးမောင် က ပြောပါတယ်။

“၀န်ကြီးရဲ့ ပြောစကားတွေက လွှတ်တော် အမတ်တွေက ဆယ်တန်းမအောင်၊ ဘာမအောင်နဲ့ လက်ညှိုးထောင် ခေါင်းညိတ်ပဲ လုပ်ပြီး ခလုပ်လေးပဲ နှိပ်တတ်ရုံပဲ ရှိတယ် ဆိုတာက မိမိပါတီကို မိမိ ပြန်ဝေဖန်တာပဲ ဖြစ်တယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက လည်း အဝေဖန် ခံရဲရမယ်။ အစိုးရအဖွဲ့ ၀န်ကြီးက အစ အစိုးရအဖွဲ့ တရပ်လုံးကလည်း အဝေဖန် ခံရဲရမယ်။

အမှားကို ထောက်ပြတာကို လည်း လက်ခံရမယ်။ ပြည်သူတွေ ကတော့ ပြည်သူ့ အမြင်နဲ့ ပြောမှာပဲ။ ကိုယ်စားလှယ်က ကိုယ်စားလှယ် အမြင်နဲ့။ ပြည်သူ့အမြင် ထင်ဟပ်တဲ့ အသံနဲ့ ပြောမှာပဲ။ ကဏ္ဍ ၂ ခု ဒီကာလထဲမှာ ဖြစ်သွားတယ်။ တစ်က သတ္တုတွင်း ၀န်ကြီး ဌာန။ အဝေဖန် မခံရဲဘူး ဆိုတော့ ဂျာနယ်ကို ပြန် တရားစွဲတယ်။ အင်မတန်ကို ​ဆင်ခြင်တုံ တရား နည်းပါးတယ် လို့ သုံးသပ်တယ်။ မှားခဲ့တဲ့ အမှားရှိခဲ့ရင်လည်း ဒါ ဘယ်လို ကောင်းအောင် ပြန်ပြုပြင်မလဲ ဆိုတဲ့ ဒီ ကာလလေးမှာ မထားအပ်တဲ့ စေတနာ။ ဒါလေးတွေနဲ့ပဲ ကျနော်တို့က သွားကြရမှာ။”

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၀န်ကြီး တဦးဟာ ၀န်ကြီးရာထူးနဲ့ ထိုက်တန် လျော်ညီခြင်း မရှိပါက ပြန်လည် ပယ်ဖျက် ပိုင်ခွင့်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် မဲဆန္ဒနယ်မှ ပြည်သူများက တောင်းဆို ပိုင်ခွင့် ရှိပါတယ်။ ဦးမြင့်လှိုင် ဟာ ကြံ့ခိုင်ရေး ပါတီဝင် အဖြစ် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ကနေ ရွေးကောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်ဖြစ် ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013