မုံရွာမြို့ ချင်းတွင်းမြစ်တွင်း ရေဆင်းချိုးရာမှ ကျောင်းသား ၁ ဦး ပျောက်ဆုံး

မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ရေလွှဲတံခါးပေါက်မှာ စက်တင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက ၈ တန်းကျောင်းသားတဦး ရေဆင်းချိုးရာမှ ပျောက်ဆုံးနေလို့ ၀ိုင်းဝန်းရှာဖွေနေပါတယ်။ ပျောက်ဆုံးနေတဲ့ လူငယ်ဟာ အိုးဘိုတောင်ရပ်ကွက်မှာ နေထိုင်သူ မောင်မင်းမင်းသန့် ဆိုသူဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ရှိတယ်လို့ သိရပါတယ်။ "ရေလွှဲပေါက်မှာ နစ်သွားတယ်ဆိုတော့ ရေစီးက ဝဲလည်ပြီး အလယ်ခေါင်ဘက် ဆွဲခေါ်ချသွားတယ်လို့ ယူဆရတယ်။ ရေက ရေရှင်ဆိုတော့ နစ်တဲ့နေရာမှာ မရှိနိုင်လောက်တော့ဘူး။ ဒါပေမယ့် အကုန်နှံ့အောင်တော့ ရှာရတာပဲ။ ရေစီးကလည်း သန်နေတယ်" လို့ ကယ်ဆယ်ရေး ပြုလုပ်နေသူ ဦးမျိုးဝင်းက ပြောပါတယ်။ မြစ်တလျှောက်မှာတော့ ရဲတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ရပ်ကွက်ဒေသခံတွေက ရှာဖွေနေပါတယ်။ ရန်နိုင်စိုး

More News
Up