မြောက်ကိုရီးယား နျူကလီးယားလက်နက်ထုတ်လုပ်မှု အမြန်တိုးတက်လာနေ

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မြန်ဆန်ဆန် တိုးတက်လာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ (အိုင်အေအီးအေ) ဥက္ကဋ္ဌက စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားသွားပါတယ်။ စက်တင်ဘာ ၃ ရက်နေ့က စမ်းသပ်ဖောက်ခွဲခဲ့တဲ့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ကြည့်ရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုဟာ အလျင်အမြန် တိုးတက်လာနေတာ တွေ့ရတယ်လို့ အိုင်အေအီးအေဥက္ကဋ္ဌ အာမာနိုက ပြောကြားသွားတာပါ။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကန်ကျောင်းဝနဲ့ ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့စဉ် မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အိုင်အေအီးအေဥက္ကဋ္ဌက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။ “မြောက်ကိုရီးယားစမ်းသပ်ခဲ့တဲ့ ဗုံးက ဟိုက်ဒရိုဂျင်ဗုံး ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ ကျနော်တို့မှာ အရည်အသွေး မရှိပါဘူး။ သေချာတာကတော့ ဒီစမ်းသပ်မှုဟာ အရင်စမ်းသပ်မှုတွေထက် အများကြီး ပိုပြင်းတယ်ဆိုတာပါပဲ။ ဒါကိုကြည့်ရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုးတက်မှုက အလွန်မြန်နေတာ တွေ့ရပါတယ်။ ဒါ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုအသစ်ပါ။ အရေးကြီးတာက နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီခြိမ်းခြောက်မှုကို ကိုင်တွယ်ဖို့ စုစည်းညီညွတ်ကြဖို့ပါ” လို့ အိုင်အေအီးအေဥက္ကဋ္ဌ အာမာနိုက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up