“ပြန်ရမယ်ဆိုတဲ့ အတင်းအဓမ္မပြောတာမျိုးတွေ မလုပ်ဘူး”ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု (ရုပ်သံ)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးလာကြတဲ့ ဒေသခံတိုင်းရင်းသား ဒုက္ခသည်တွေကို နေရပ်ကို အတင်းအကြပ်ပြန်လွှတ်မှာ မဟုတ်ပေမယ့် သူတို့ ပြန်နိုင်အောင် အခြေအနေတွေ ဖန်တီးပေးနေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။ “ဒီရက်တွေမတိုင်ခင်ကတည်းကလည်း ပြန်သွားတာတွေရှိတယ်။ အခုဒီနေ့အထိလည်းပဲ ပြန်နေတာတွေရှိတယ်။ သူတို့ကိုတော့ ကျနော်တို့ ဆီကနေပြီး ပြန်ရမယ်ဆိုတဲ့  အတင်းအဓမ္မ ပြောတာမျိုးတွေမလုပ်ဘူး” နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် မူရင်းဒေသတွေမှာ လုံခြုံရေး ကောင်းအောင်ဆောင်ရွက်ပေးနေပြီး စားဝတ်နေရေးလဲ အဆင်ပြေအောင် ဆောင်ရွက်ပေးထား တယ်လို့သိရပါတယ်။ ၀န်ကြီးချုပ်ဦးညီပုက “ကျနော်တို့ လုပ်နိုင်သလောက်  လုပ်ရမယ့်ကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ထားတာတွေရှင်းပြတယ်။ ပြန်မယ်သွားမယ်ဆိုရင်လည်း လွယ်ကူအောင် စားရိတ်စားကကအစပေးတယ်။   ပြန်ရာက်သွားရင်လည်းပဲ ဟိုမှာ ကိုယ့်နေရာကိုယ့်ဒေသမှာ အစားအသောက်ကအစ၊ လုံခြုံရေးကအစ ပြည့်ပြည့်စုံစုံ သွားရေးလာရေး ကျန်းမာရေး ပညာရေးကအစ ဒါတွေပြည့်ပြည့်စုံစုံ ကျနော်တို့ဘက် အဆင်သင့် လုပ်ထားတယ်   ၊ ကိုယ့်နေရာ ကိုယ့်ဒေသက သူတို့ပြန်မယ်ဆိုရင်သူတို့ အဆင်သင့်ပြန်နိုင်အောင် လုပ်ပေးတယ်၊ ပြန်လည်းပြန်နေကြတယ် ”လို့ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ သြဂုတ်လ ၂၅ရက်နေ့ကစပြီး  ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရခိုင်၊ မြို၊ဒိုင်းနက်စတဲ့ ဒေသခံ လူနည်းစု တိုင်းရင်းသားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြီး စစ်တွေမြို့နဲ့ တခြားဘေးကင်းလုံခြုံရာ နေရာတွေ မှာ ခိုလှုံနေကြတာဖြစ်ပါတယ်။ သတင်း-ရုပ်သံ -ကျော်သက်မင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up