ပွဲစဉ်ဇယား ရေးဆွဲမှုအပေါ် ချဲလ်ဆီးနည်းပြ ဝေဖန်

မန်စီးတီးနဲ့ပွဲအတွက် နားရက်တရက်ပဲခြားပြီး ကစားရမယ့်အပေါ် ချဲလ်ဆီးနည်းပြ ကွန်တီက မကျေမနပ်ဖြစ်နေပြီး ပွဲစဉ်ဇယား ရေးဆွဲမှုအပေါ် ဝေဖန်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညက အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲကျပ် ကစားအပြီး မန်စီးတီးအသင်းနဲ့ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့ ယှဉ်ပြိုင်ရမှာပါ။ ဒီလို တရက်ပဲ အနားရအောင် ရေးဆွဲထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို အံ့အားသင့်မိပြီး အောက်တိုဘာ ၁ ရက်ကျမှ ပွဲကစားသင့်တယ်လို့ နည်းပြကွန်တီက ပြောပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ်ပွဲစဉ်ကို စက်တင်ဘာ ၂၆ ရက်နေ့ကတည်းက ကစားထားတဲ့အပြင် အိမ်ကွင်းမှာလည်း ကစားခဲ့ရလို့ မိမိတို့အသင်းထက် နားရက်ပိုမိုရရှိနေတယ်လို့လည်း ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားမယ့် ချဲလ်ဆီးနဲ့ မန်စီးတီးပွဲစဉ်ကို လာမယ့် စက်တင်ဘာ ၃၀ ရက် ည ၁၁ နာရီ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up