Home
မြန်မာသတင်း
အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကိုထောင်ဒဏ်များချမှတ်
DVB
·
September 28, 2017
အမေရိကန်သံရုံးရှေ့မှာ ခွင့်မပြုဘဲ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် အမျိုးသားရေးလှုပ်ရှားသူလို့ နာမည်ခံထားတဲ့ ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ သက်မျိုးဦးနဲ့ နေဝင်းအောင်တို့ကို ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ စက်တင်ဘာလ (၂၈) ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့ပါတယ်။ ဝင်းကိုကိုလတ် အပါအဝင် လေးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် (၁)လနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် (၆)လ ကျခံဖို့ ကမာရွတ်မြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ သံဃာတော်သုံးပါးကို တရားရုံးက ဆင့်ခေါ်စာ အကြိမ်ကြိမ် ပေးပို့ခဲ့ပေမယ့် လာရောက်တာ မရှိသေးလို့ ဆရာတော်တွေကို အထွေထွေ အမှုဖွင့်ခဲ့တာပါ။ ရခိုင်ပြည်နယ်တွင် စက်လှေမှောက်ပြီး သေဆုံးသူတွေကို ရိုဟင်ဂျာလို့ သုံးနှုန်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံရုံးကို သံဃာတော်အချို့နဲ့ အမျိုးသားရေးလှုပ်ရှားသူလို့နာမည်ခံထားသူ ၂၀၀ ကျော်က ၂၀၁၆ ဧပြီ ၂၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ရှေ့က စတင်ပြီး အမေရိကန်သံရုံးရှေ့အထိ ချီတက်လမ်းလျှောက် ဆန္ဒပြဖို့ ကမာရွတ်မြို့မရဲစခန်းမှာ လျှောက်ထားခဲ့ပေမယ့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဗဟန်းမြို့နယ်ဗိုလ်စိန်မှန် ကွင်းအတွင်းမှသာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူလို့ အမည်ခံထားတဲ့ သူတွေက ခွင့်ပြုမပြုတဲ့ အမေရိကန်သံရုံးရှေ့မှာပဲ ဆန္ဒပြခဲ့တဲ့အတွက် ဦးဆောင်ဆန္ဒပြသူတွေကို ပုဒ်မနှစ်ခုဖြင့် တရားစွဲခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024