ကဘူးလေဆိပ်ကို ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်သည့် ရုပ်သံ အိုင်အက်စ် ထုတ်လွှင့်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ် စက်တင်ဘာ ၂၇ ရက်နေ့က အာဖဂန်နစ္စတန်ကို ရောက်ရှိချိန် ကဘူးလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်သွေးကြွတဦးက ပစ်ခတ်တိုက်ခိုက်ခဲ့ပုံကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ မီဒီယာ အာမက်သတင်းအေဂျင်စီကနေ ဗွီဒီယိုဖိုင် လွှင့်တင်ခဲ့ပါတယ်။ လူ ၅ ဦး ဒဏ်ရာရရှိသွားခဲ့တဲ့ ကဘူးလေဆိပ်ကို ဒုံးကျည်အသေးစားနဲ့ တိုက်ခိုက်ခဲ့ရာမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ တာလီဘန်စစ်သွေးကြွ နှစ်ဖွဲ့စလုံးက သူတို့ရဲ့လက်ချက် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ လေဆိပ်ကို တိုက်ခိုက်ခဲ့သူတွေဟာ အနီးနားက အဆောက်အဦတခုမှာ ပုန်းခိုနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နာရီအတော်ကြာ ခုခံတိုက်ခိုက်ခဲ့တယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up