နေပြည်တော်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနည်းဆုံး ၂နေရာ နိုင်မည် မျှော်လင့်

ဒေါက်တာ မြတ်ဉာဏစိုး
[caption id="attachment_21454" align="alignleft" width="300" caption="ဒေါက်တာမြတ်ဥာဏစိုး​"][/caption] အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေ ဟာ နေပြည်တော် မဲဆန္ဒနယ် ၄ ခု အနက် အနည်းဆုံး ၂ ခု မှာ အနိုင်ရလိမ့်မယ် လို့ မျှော်လင့်မိတဲ့ အကြောင်း၊ နေပြည်တော်မှာ ပါတီအောင်နိုင်ရေး ဆောင်ရွက်ပေးနေ တဲ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မြတ်ဥာဏစိုး   က ပြောပါတယ်။ “နေပြည်တော်တိုင်း ဒေသကြီး ဆိုတာက ကြံ့ခိုင်ရေးရဲ့ ဗဟိုအချက် အချာ နေရာ ဖြစ်တယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ၂ နေရာတော့ ကျိန်းသေ နိုင်ကို နိုင်ရမယ်။ ၅၀ ရာခိုင်နှုန်းတော့ နိုင်ရမယ်လို့ မျှော်မှန်းပါတယ်။” လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ အန်အယ်လ်ဒီ နဲ့ ကြံ့ခိုင်ရေးပါတီတို့ ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်လို့ ဝေဖန် ပြောဆိုနေကြချိန်မှာ ဒေါက်တာမြတ်ဥာဏစိုး က ခုလို ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နေပြည်တော်က လစ်လပ် မဲဆန္ဒနယ် ၄ခု စလုံးမှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက် ရွေးချယ်ခံကြမှာလဲ ဖြစ်ပါတယ်။

More News
Up