မက်ဆီနှင့် စီရော်နယ်ဒိုလို အဆင့်မျိုးဖြစ်ရန် ဟယ်ရီကိန်း နီးစပ်လာပြီဟု ဖာဒီနန်ပြော

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ အဆင့်မျိုးရောက်လာဖို့ နီးစပ်လာပြီလို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က ပြောပါတယ်။ ဟယ်ရီကိန်းဟာ မနေ့က ကစားခဲ့တဲ့ ဆိုက်ပရက်စ်ကလပ် အေပိုးလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဟက်ထရစ်သုံးဂိုးသွင်းခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒ့ါအပြင် ၂၀၁၇ ခုနှစ်အတွင်း ဟက်ထရစ် ၆ ကြိမ်အထိ သွင်းယူခဲ့ပြီး ဒီလိုဂိုးသွင်းစွမ်းရည်နဲ့ အချက်အလက်တွေဟာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့အဆင့်ကို တွန်းပို့နေတယ်လို့ ဖာဒီနန်က ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ဂိုး ၂၀ အထက်သွင်းခဲ့ပြီး နေရာစုံကနေ ဂိုးသွင်းတတ်တဲ့ ကစားသမား ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ဂုဏ်ယူကျေနပ်မိပြီး ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလား သုံးလုံးစလုံးကို ရယူချင်တယ်လို့ ဟယ်ရီကိန်းက ပြောပါတယ်။

More News
Up