DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲကာလ နိုင်ငံရေးပေါ်လစီ ရှမ်းပြည်တပ်မတော် ထုတ်ပြန်
DVB
·
March 26, 2012
အပစ်အခတ်ရပ်စဲကာလ နိုင်ငံရေးပေါ်လစီ ရှမ်းပြည်တပ်မတော် ထုတ်ပြန်
Donate to DVB

အစိုးရနဲ့ အပစ်အခတ်ရပ် ပဏာမ သဘောတူထားတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဟာ နိုင်ငံကနေ ရှမ်းပြည်နယ် သီးခြား ခွဲထွက်မယ့် မူဝါဒကို စွန့်လွှတ် လိုက်ပြီး ပြည်ထောင်စုနိုင်ငံထဲမှာ ပါဝင်မယ့် မူဝါဒကို ပြောင်းလဲ ကျင့်သုံးမယ် လို့ ကြေညာလိုက် ပါတယ်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ အဖွဲ့ဌာနချုပ်မှာ မတ်လ လယ်ပိုင်းက ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး ကနေ ခွဲထွက်ရေး မူဝါဒကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပြ ပါတယ်။

“အခု ကျနော်တို့ မူဝါဒ အပြောင်းအလဲ နည်းနည်း ရှိတယ်လို့ ပြောနိုင်ပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကတော့ အားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းထဲ မှာ ကျနော်တို့ ၀င်ပါနိုင်အောင် ဒီ အပစ်အခတ် ရပ်စဲရေး ကာလ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကာလမှာ အခု မူဝါဒကို ဗဟိုကော်မတီ ဆုံးဖြတ်ချက် အရနဲ့ ဗဟိုဌာနချုပ်မှာ ၁၆ ရက်ကနေ ၁၇ ရက်ထိ ကျင်းပတဲ့ အစည်းအဝေး ဆုံးဖြတ်ခဲ့တာပါ။”

နဂိုမူလက ကိုင်စွဲတဲ့ ခွဲထွက်ခွင့်မူ ဆိုတာကလည်း ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ သဘောတူညီချက်ကို အခြေခံတာပါလို့ ရှင်းပြပါတယ်။

ဗဟိုကော်မတီ အစည်းအဝေးက ချမှတ်တဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် ၆ ရပ်ကို မတ် ၂၁ ရက် နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း အနေနဲ့ ရှမ်းပြည်နယ်တွင်းမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုနဲ့တကွ  လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ စည်းလုံးညီညွတ်ရေး တည်ဆောက်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက် သွားပါမယ်။

ပြည်နယ်နဲ့တိုင်း တိုင်းရင်းသားတိုင်း တန်းတူ အခွင့်အရေး ရှိရမယ်။ ပြည်ထောင်စုကနေ ခွဲထွက်ရေး၊ မခွဲထွက်ရေး ကိစ္စကို ရှမ်းပြည်သူလူထု သဘောဆန္ဒအရ ဆုံးဖြတ်ပါမယ်။

ရှမ်းပြည်သူတွေ ပါလီမန်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို နားလည် လက်ခံ ကျင့်သုံးရေးကို စည်းရုံးလုပ်ဆောင်ပါမယ်။

မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်ထောင်စုအစိုးရနဲ့ လက်တွဲ ဆောင်ရွက်ပါမယ်။

ရည်မှန်းထားတဲ့  နိုင်ငံရေးဦးတည်ချက် ရောက်အောင် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ကနေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်။

စစ်ရေးကို တကယ်လိုအပ်တဲ့အခါမှ အသုံးပြုမယ်။ တပ်မတော်ဟာ  ပြည်သူကို ကူညီစောင့်ရှောက် ကာကွယ်ပေးရမယ်။ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း အဖွဲ့ဟာ   ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့ က ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားပေမယ့် တိုက်ပွဲ တချို့ပြန်ဖြစ်နေပါတယ်။

ဒီကိစ္စကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရထားဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းက တာဝန်ရှိသူတွေ မြန်မာ ထိုင်းနယ်စပ် တနေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။

မလိုလားအပ်တဲ့ တိုက်ပွဲတွေ မဖြစ်ရအောင် တာဝန်ယူမယ်လို့ ပြည်ထောင်စု အစိုးရဘက် က ပြောသွားပေမယ့် အဲဒီနောက်ပိုင်း တိုက်ပွဲတွေ ၅ ကြိမ်ထက် မနည်း ပြန်ပြီး ဖြစ်ပွားပြန်ပါတယ်။

တိုက်ပွဲပြန်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ မတ်လထဲမှာ နောက်ထပ်ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ရှိသေးတယ်လို့ ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013