ဟယ်ရီကိန်း၏ ဟက်ထရစ်ဂိုးဖြင့် စပါးက အေပိုးလ်ကို အနိုင်ယူ (ရုပ်သံ)

ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ ပွဲစဉ် ၂ အဖြစ် ဆိုက်ပရပ်စ်ကလပ် အေပိုးလ်နဲ့ ပရီးမီးယားလိဂ် ကလပ် စပါးတို့ မနေ့ညက ယှဉ်ပြိုင်ရာ စပါးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ စပါးအသင်းမှာ ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ ဒယ်လီ အယ်လီ မပါဝင်နိုင်ဘဲ တိုက်စစ်မှာ ကိန်း၊ ဆွန်ဟောင်မင်းတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ စပါးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ကစားပုံ ကောင်းမွန်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းမှာပါ အနည်းငယ် အသာစီးရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အေပိုးလ်အသင်းရဲ့ ထိုးဖောက်ဂိုးသွင်းမှု ဂိုးတိုင်ထိထွက်တာ၊ အနည်းငယ် လွဲချော်ခဲ့တာတွေကြောင့်လည်း စပါးအသင်း သက်သာရာရခဲ့ပါတယ်။ စပါးအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဟယ်ရီကိန်း တဦးတည်းက ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ပွဲချိန် ၃၉၊ ၆၂ နဲ့ ၆၇ မိနစ်တွေမှာ သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ဒုတိယပိုင်းမှာလည်း အေပိုးလ် ချေပဂိုးသွင်းယူဖို့ ကြိုးစားတဲ့ အပိုင်ကန်သွင်းချက် တချို့ကို စပါးဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ ချန်ပီယံလိဂ် အဖွင့် ၂ ပွဲစလုံး အနိုင်ရခဲ့တဲ့အတွက် ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယားမှာ ရီးရဲလ်နဲ့ ရမှတ်တူ ရပ်တည်နေပြီး နောက်တဆင့်တက်ရေး အခြေအနေ ကောင်းမွန်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up