A d v e r t i s e m e n t With Us

မ​လေး​ရှား​ဝန်ကြီး​ချုပ် မြန်မာပြည် လာမည်

မ​လေး​ရှား​ဝန်ကြီး​ချုပ် ဒါတိုဆရီ နာဂျစ်တွန်း​ရာဇတ်ဟာ မြန်မာနိုင်ငံမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ မကျင်း​ပခင် ရက်ပိုင်း​အတွင်း​ ချစ်ကြည်​ရေး​ခရီး​ လာ​ရောက်ဖို့​ ရှိတယ်လို့​ မ​လေး​ရှား​ မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။
မ​လေး​ရှား​ဝန်ကြီး​ချုပ် ဒါတိုဆရီ နာဂျစ်တွန်း​ရာဇတ်
လာမယ့်​သီတင်း​ပတ်အတွင်း​မှာ မြန်မာနိုင်ငံကို သွား​ ​ရောက်မှာဖြစ်ပြီး​ သမတ ဦး​သိန်း​စိန် အပါအဝင် မြန်မာအစိုး​ရအဖွဲ့​ဝင်​တွေနဲ့​ ​တွေ့​ဆုံမှာဖြစ်တယ်လို့​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က ကွာလာလမ်ပူမြို့​မှာ ပြုလုပ်ခဲ့​တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မ​လေး​ရှား​ဝန်ကြီး​ချုပ်က ​ပြောပါတယ်။ မြန်မာအစိုး​ရဟာ လာမယ့်​ ဧပြီ ၁ ရက်​ရွေး​ကောက်ပွဲကို ​စောင့်​ကြည့်​ဖို့​ မ​လေး​ရှား​နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ​တွေကို ဖိတ်ကြား​ထား​ရာမှာ မ​လေး​ရှား​နိုင်ငံကလည်း​ နိုင်ငံတကာ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​ပါဝင်ဖို့​ ကိုယ်စား​လှယ် ​စေလွှတ်ဖို့​ အသင့်​ဖြစ်​နေပြီလို့​ ဆိုပါတယ်။ မ​လေး​ရှား​ဝန်ကြီး​ချုပ်က​တော့​ နိုင်ငံတကာကို ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ဖို့​ ဖိတ်​ခေါ်မှု အပါအဝင် မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီ​ရေး​နဲ့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​ ဖြစ်စဉ်ကို အား​ပေး​တဲ့​အ​ကြောင်း​နဲ့​ မြန်မာ​ရွေး​ကောက်ပွဲဟာ အများ​ယုံကြည် လက်ခံနိုင်ပြီး​ ​မေး​ခွန်း​ထုတ်စရာမလိုတဲ့​ ဂုဏ်သိက္ခာရှိတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်လိမ်မယ်လို့​ ​မျှော်လင့်​ကြောင်း​ သတင်း​ထောက် ​တွေကို ​ပြောကြား​ထား​ပါတယ်။ ဒီက​နေ့​ထုတ်မြန်မာအစိုး​ရပိုင် သတင်း​စာ​တွေမှာ မ​လေး​ရှား​ဝန်ကြီး​ချုပ်နဲ့​ ဇနီး​ဖြစ်သူတို့​ဟာ မကြာမီကာလအတွင်း​ ချစ်ကြည်​ရေး​ခရီး​ လာ​ရောက်မယ်လို့​ ​ကြေညာထား​ပါတယ်။ ဒါ​ပေမယ့်​ ဒီခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ အ​သေး​စိတ် ​ဖော်ပြခြင်း​ မရှိပါဘူး​။ ပြီး​ခဲ့​တဲ့​ သတင်း​တပတ်​ကျော်​လောက်က​တော့​ မ​လေး​ရှား​နိုင်ငံခြား​ရေး​ဝန်ကြီး​ ဒါတွတ် ဆရီ အနီဖာအာမန်ဟာ မြန်မာနိုင်ငံကို ၃ ရက်ခရီး​ လာ​ရောက်ပြီး​နောက် ခုလို မ​လေး​ရှား​ဝန်ကြီး​ချုပ်ရဲ့​ ခရီး​စဉ် ထပ်ပြီး​ပေါ်​ပေါက်လာတာပါ။ မ​လေး​ရှား​ ဝန်ကြီး​ချုပ် မြန်မာနိုင်ငံလာ​ရောက်မယ့်​ အချိန်​လောက်မှာပဲ မ​လေး​ရှား​ပို့​ကုန်လုပ်ငန်း​ရှင် ၄၀ ​လောက်ပါတဲ့​ စီး​ပွား​ရေး​အဖွဲ့​တခုဟာ ရန်ကုန်မှာ မြန်မာစီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေနဲ့​ ​တွေ့​ဆုံပြီး​ နှစ်နိုင်ငံ စီး​ပွား​ရေး​အခွင့်​အလမ်း​တွေနဲ့​ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ အတွက် ​ဆွေး​နွး​ဖလှယ်မှု​တွေ ပြုလုပ်ဖို့​ ရှိ​နေပါတယ်။ မြန်မာနဲ့​ မ​လေး​ရှား​နိုင်ငံတို့​ဟာ စီး​ပွား​ရေး​၊​ ကုန်သွယ်​ရေး​၊​ ရင်း​နှီး​မြုပ်နှံမှု၊​ နည်း​ပညာ ခရီး​သွား​လုပ်ငန်း​၊​ စိုက်ပျိုး​ရေး​နဲ့​ လူသား​အရင်း​အမြစ် ဖွံ့​ဖြိုး​ရေး​ကဏ္ဍ​တွေမှာ နှစ်နိုင်ငံ ပူး​ပေါင်း​ဆောင်ရွက်​နေတာပါ။ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး​က​တော့​ ၂၀၁၁ မှာ ၂၀၁၀ ခုနှစ်ကထက် ၂၇ ရာခိုင်နှုန်း​လောက် ပိုတိုး​လာပြီး​ မ​လေး​ရှား​ရင်း​ဂစ် ၂ ဒသမ ၄၃ ဘီလျံ​လောက် အထိရှိတယ်လို့​ မ​လေး​ရှား​ မီဒီယာ​တွေက ​ရေး​သား​ပါတယ်။ မြန်မာက မ​လေး​ရှား​ကို အဝတ်အထည်၊​ သစ်​တောထွက်ပစ္စည်း​၊​ ရာဘာနဲ့​ ဟင်း​သီး​ဟင်း​ရွက်​တွေ တင်ပို့​ပြီး​ မ​လေး​ရှား​ဆီက သံ၊​ သံမဏိထွက်ကုန်​တွေ၊​ လျှပ်စစ်ပစ္စည်း​ စား​သောက်ကုန်​တွေ ပြန်တင်သွင်း​ပါတယ်။ မ​လေး​ရှား​နိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံခြား​ ရင်း​နှီး​မြုပ်နှံမှု​တွေ ဖွင့်​ပေး​လိုက်တဲ့​ ၁၉၈၈ ​နောက်ပိုင်း​ကတည်း​က ခုနှစ်ဆန်း​ပိုင်း​ထိ စီမံကိန်း​ ၄၀ ​လောက်မှာ အ​မေရိကန်​ဒေါ်လာ ၉၇၇ သန်း​ ခွဲ​လောက် ရင်း​နှီး​မြှုပ်နှံထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up