လောင်း​လုံမှာ ဥပ​ဒေမဲ့​ ကြိုတင်မဲ ​ကောက်ယူ​နေ

တနင်္သာရီတိုင်း​ ​လောင်း​လုံမြို့​နယ်အတွင်း​မှာ ဥပ​ဒေ သတ်မှတ်ချက်ထက် ​ကျော်လွန်ပြီး​၊​ ကြိုတင်မဲ ​ကောက်ယူ​နေတဲ့​အတွက် ပြန်လည် စီစစ်​ပေး​ဖို့​၊​ ​လောင်း​လုံခရိုင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​အောင်နိုင်​ရေး​အဖွဲ့​က ခရိုင် ​ကော်မရှင်ထံ မတ် ၂၃ ရက် ရက်စွဲနဲ့​ စာ​ရေး​သား​ ​ပေး​ပို့​ ​တောင်း​ဆို လိုက်ပါတယ်။ ထား​ဝယ်​ကောလိပ်မှာ သင်တန်း​တက်မယ့်​ ဆရာ၊​ ဆရာမ​တွေကို မတ် ၁၇ ရက်က ကြိုတင်မဲ ​ကောက်ယူခဲ့​တဲ့​ ကိစ္စ၊​ မတ် ၁၅ရက်က ​လောင်း​လုံနဲ့​ ကျွန်း​စုမြို့​နယ်​တွေထဲက ​ကောလိပ်​ကျောင်း​သား​တွေကို ကြိုတင်မဲ ​ကောက်ယူတဲ့​ ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​၊​ ခရိုင်​ကော်မရှင်ကို ပြန်စီစစ်​ပေး​ဖို့​ တင်ပြ ​တောင်း​ဆိုထား​တာ ဖြစ်ပါတယ်။

More News
Up