A d v e r t i s e m e n t With Us

တနင်္သာရီတိုင်း​ ကျွန်း​စုမြို့​နယ်မှာ မဲစာရင်း​ ခုထိ မရ​သေး

တနင်္သာရီတိုင်း​ ကျွန်း​စုမြို့​နယ်မှာ ​ဒေသခံ ပြည်သူ​တွေအ​နေနဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ၉၀ ရာခိုင်နှုန်း​ ​ထောက်ခံတယ်လို့​ ​ပြောနိုင်​ပေမယ့်​ ခုထိ မဲစာရင်း​တွေ မထွက်​သေး​၊​ မဲစာရင်း​တွေ မစုံ​သေး​ဘူး​လို့​ ကျွန်း​စု အန်အယ်လ်ဒီ ကိုယ်စား​လှယ် ​ဒေါ်တင်တင်ရီက ​ပြောပါတယ်။ “မဲစာရင်း​တွေက မရဘူး​ရှင့်​၊​ မဲစာရင်း​ မပါတာ​တွေ ပြန်ဖြည့်​ဖို့​ အခွင့်​လမ်း​ မရဘူး​။ ခုချိန်ထိ ကျမတို့​ မဲစာရင်း​ကို ကူး​လို့​ မပြီး​သေး​ဘူး​။ ​ကော်မရှင်ကလည်း​ မဲကို မထုတ်​ပေး​တာ။ မတ် ၂၃ ရက်​နေ့​မှာ ကူး​ခွင့်​ပေး​တာ။ အဲဒီ​တော့​ အခုအချိန်အထိ မဲစာရင်း​က ကူး​လို့​ မပြီး​သေး​ဘူး​။ ပြီး​တော့​ မဲစာရင်း​ကို ပြန်ဖြည့်​ဖို့​ ကျ​တော့​ ရပ်ကွက်မှာ တင်ရမှာ။ ရပ်ကွက်မှာ စာရင်း​တွေက မရှိဘူး​။ ရွာမှာ မ​နေဘူး​ ​ရှောင်​နေတယ်။ ​နောက်တခုက ဘာလဲဆိုရင် မှတ်ပုံတင် မရှိကြဘူး​။ မှတ်ပုံတင်ရိုက်။ မှတ်ပုံတင်ထုတ်​ပေး​မယ်လို့​ လဝက ကျမကို ​ပြောထား​တယ်။ ယာယီ မှတ်ပုံတင်ကို လည်း​ပဲ မဲစာရင်း​တွေ ​ခေါ်​ပေး​ထား​တာ လာမယူကြ​သေး​ဘူး​။ ကျမတို့​ အဖွဲ့​ဝင်​တွေ ​တော်​တော်များ​များ​ အဲဒီလို အခက်အခဲ​တွေ ဖြစ်​နေတယ်။ တကယ် မဲထည့်​မယ့်​လူ​တွေက မဲထည့်​ပိုင်ခွင့်​ ရချင်မှ ရနိုင်မှာ။” တခါ ကျွန်း​စုမြို့​နယ်မှာ ရှိတဲ့​ တနင်္သာရီတိုင်း​ ​ရေတပ်စခန်း​ဌာနချုပ်က ကြိုတင်မဲ ၂ ​ထောင် ထွက်​နေပြီး​၊​ ဝန်ထမ်း​တွေ အား​လုံး​လည်း​ မတ် ၂၆ နဲ့​ ၂၇ ရက်​တွေမှာ ကြိုတင်မဲ​ပေး​ဖို့​ ရှိ​နေတယ်လို့​ ​ပြောပါတယ်။ အဓိက က​တော့​ မဲစာရင်း​ အခုထိ မငြိမ်​သေး​တဲ့​အတွက် ပြိုင်ဘက်ပါတီက ဒီအချက်ကို အခွင့်​ကောင်း​ယူပြီး​ အနိုင်ယူသွား​နိုင်တဲ့​ အ​နေအထား​ရှိ​နေတာပါ။ တနင်္သာရီတိုင်း​၊​ ကျွန်း​စုမြို့​နယ်မှာ အန်အယ်လ်ဒီနဲ့​ ကြံ့​ခိုင်​ရေး​က ကိုယ်စား​လှယ်​လောင်း​ နှစ်ဦး​ထဲ ယှဉ်ပြိုင် အ​ရွေး​ခံကြမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ မတ် ၂၄ နဲ့​ ၂၅ မှာ မြိတ်နဲ့​ ကျွန်း​စုမြို့​နယ်ကို ပါတီစည်း​ရုံး​ရေး​ ခရီး​သွား​ရောက်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up