မင်းတုန်းမင်း နတ်ပြည်စံသက် ၁၃၉ နှစ်မြောက် အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်း(ဓာတ်ပုံ)
DVB
·
September 25, 2017
မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် ၁၃၉ နှစ်မြောက်ဆွမ်းကပ်ပွဲနဲ့ ဆွေတော်မျိုးတော်တွေ သက်ကြီးပူဇော်ပွဲ အကြိုလှူဒါန်းပွဲကို ဒီကနေ့မနက်က မင်းတုန်းမင်း ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးရဲ့ သိမ်တော်ကြီးမှာ ကျင်းပပါတယ်။
ဆွေတော်မျိုးတော်တွေ ကန်တော့ပွဲမှာ သက်တော် ၇၀ နှစ်အထက် မင်းတုန်းမင်းတြားကြီး ရဲ့ မြစ်တော် ၁၉ ပါး၊ အိမ်ရှေ့စံကနောင်မင်းရဲ့ မြစ်တော် ၈ ပါး၊ မင်းတုန်းမင်းတြားရဲ့ တီတော် ၂၇ ပါး၊ အိမ်ရှေ့စံကနောင်မင်းရဲ့ မြစ်တော် ၂၁ ပါး စုစုပေါင်း ၇၅ ပါးတို့ကို ပူဇော်ကန်တော့ ခဲ့ကြတာပါ။