Home
မြန်မာသတင်း
ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အခမ်းအနား ကျင်းပ
DVB
·
September 25, 2017
နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ထဲက ဓမ္ပ္မပိယသာသနာ့ရိဿာကျောင်းတိုက်မှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ရည်ရွယ်ချက် သုံးခုနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးဣဿရိယ ခေါ် မင်းသုည က မိန့်ကြားသွာပါတယ်။ ၂၀၀၇ စက်တင်ဘာလ ကတည်းက သံဃာတော်တွေကို အကြမ်းဖက်စော်ကားခဲ့တဲ့ စစ်အာဏာရှင် အစိုးရကို ဘုရားဒေသနာတော်အရ သပိတ်မှောက်ခဲ့တဲ့ ပတ္တနိကုဇ္ဇနကံကို လည်း ဒီနေ့အချိန်အထိ မလှန်ရသေးဘူးလို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း အဲဒီအချိန်က စစ်အစိုးရဟာ ပြည်သူလူထု အပေါ်နဲ့ သံဃာတော်တွေအပေါ်ပေးခဲ့တဲ့ ကတိစကားတွေ မတည်ခဲ့ဘူး။ ပြည်သူအချင်းချင်း နှိပ်စက်ခဲ့တယ်။ အကြမ်းဖက်ခဲ့တယ်လို့ ပြောဆိုသွားပါတယ်။ ၁၀ နှစ်ပြည့် အခမ်းအနားကို ပြည်တွင်းပြည်ပ ရွှေဝါရောင်သံဃာတော်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားမျိုးဆက်အသီးသီးတွေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ တက်ရောက်ကြပြီး သဝဏ်လွှာတွေကို ပေးပို့ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024