DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံစာ​ပေနှင့်​စာနယ်ဇင်း​အဖွဲ့​ အ​ရေး​ပေါ်ညီလာခံ ကျင်း​ပ
DVB
·
March 25, 2012
မြန်မာနိုင်ငံစာ​ပေနှင့်​စာနယ်ဇင်း​အဖွဲ့​ အ​ရေး​ပေါ်ညီလာခံ ကျင်း​ပ
Donate to DVB

မြန်မာနိုင်ငံစာ​ပေနဲ့​ စာနယ်ဇင်း​အဖွဲ့​ကို ပြုပြင်​ပြောင်း​လဲမှု​တွေပြုလုပ်ဖို့​ ရည်ရွယ်ပြီး​ ရန်ကုန်မှာ အရေး​ပေါ် ညီလာခံတရပ် စ​နေ​နေ့​က ​ခေါ်ယူ ကျင်း​ပခဲ့​ပါတယ်။

[caption id="attachment_23055" align="alignright" width="300" caption="19 March 2012 - Yangon - Conference on Media Development in Myanmar"][/caption]

ရန်ကုန် သူနာပြုတက္ကသိုလ်မှာ ကျင်း​ပတဲ့​ ဒီညီလာခံမှာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော် ဆန်း​က အရပ်ဘက်ဆိုင်ရာအဖွဲ့​အစည်း​တွေဟာ ဒီမိုက​ရေစီလူ့​ဘောင်နဲ့​ညီ​အောင် ပြုပြင်​ပြောင်း​လဲဖွဲ့​စည်း​လျှက်ရှိ​ကြောင်း​၊​ ယ​နေ့​မီဒီယာ​လောကကို ​ခေတ်စနစ်နဲ့​အညီ ပြုပြင်​ပြောင်လဲလိုတဲ့​ အတွက် အ​ရေး​ပေါ်အစည်း​အ​ဝေး​ ​ခေါ်ယူကျင်း​ပတာလို့​ ​ပြောပါတယ်။

ညီလာခံမှာ စာ​ပေနဲ့​စာနယ်ဇင်း​အဖွဲ့​က ဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီဝင်​တွေနဲ့​ ပြည်တွင်း​ မီဒီယာ​တွေက သတင်း​သမား​တွေ အယ်ဒီတာ​တွေလည်း​ တက်​ရောက်ခဲ့​ကြပါတယ်။

စာ​ပေနဲ့​စာနယ်ဇင်း​အဖွဲ့​ အတွင်း​ရေး​မှူး​ ဦး​ကိုကိုက “ဒီ​နေ့​တော့​ အ​ရေး​ပေါ် ညီလာခံလုပ်ပြီး​ မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​၊​ မြန်မာနိုင်ငံသတင်း​စာဆရာ အသင်း​၊​ ​နောက်တခါ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်​ဝေဖြန့်​ချိသူများ​ အသင်း​ အဲဒီ ၃ သင်း​ အတွက် ဖြစ်​မြောက်​ရေး​ကော်မတီ​တွေ ဖွဲ့​နိုင်ခဲ့​တယ်။ ​နောက် အသင်း​ ၂ သင်း​ရဲ့​ သင်း​ဖွဲ့​စည်း​မျဉ်း​တွေ အတည်ပြုနိုင်ခဲ့​တယ်’လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံ သတင်း​စာဆရာအသင်း​ ဖြစ်​မြောက်​ရေး​ကော်မတီကို ဦး​စီး​နာယက အဖြစ် ​မောင်ဝံသ ဦး​ကိုကိုလှိုင်နဲ့​ ဦး​ဝင်း​ငြိမ်း​တို့​က ​ဆောင်ရွက်မှာ ဖြစ်ပြီး​ ဥက္ကဋ္ဌအဖြစ် သတင်း​စာဆရာကြီး​ ဖိုး​သောကြာ၊​ ဒုဥက္ကဋ္ဌ​တွေအဖြစ် ဦး​သီဟ​စောနဲ့​ ရိုက်တာသတင်း​ထောက် ဦး​အောင်လှထွန်း​၊​ အတွင်း​ရေး​မှူး​အဖြစ် ဦး​ကိုကိုနဲ့​ တွဲဖက်အတွင်း​ရေး​မှူး​တွေအဖြစ် ဦး​ဖိုး​နိုင်လင်း​နဲ့​ ပြည်ပအ​ခြေစိုက် မဇ္ဈိမသတင်း​ဌာနက ဦး​စိန်ဝင်း​တို့​ပါဝင်ပါတယ်။

မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​ ဖြစ်​မြောက်​ရေး​ကော်မတီမှာ​တော့​ နာယက အဖြစ် လယ်တွင်း​သား​စောချစ်၊​ ​မောင်ခင်မင်-ဓနုဖြူ၊​ မနုဿ​ကျော်ဝင်း​ စသူတို့​ပါဝင်ပြီး​ ဥက္ကဋ္ဌအဖြစ် ခင်​မောင်ထွန်း​ - လမ်း​မ​တော်က တာဝန်ယူမှာပါ။

မြန်မာနိုင်ငံ ပုံနှိပ်ထုတ်​ဝေဖြန့်​ချိသူအသင်း​ ဖြစ်​မြောက်​ရေး​ကော်မတီမှာ​တော့​ ချစ်နိုင်-စိတ်ပညာက ဥက္ကဋ္ဌ အဖြစ် ​ခေါင်း​ဆောင်ပါဝင်ပြီး​ အဖွဲ့​ဝင်​တွေအဖြစ် ​မောင်မျိုး​-​ကြောင်နှစ်​ကောင်၊​ နန်း​အိအိဇာ၊​ ဦး​စန်း​ဦး​ (စိန်ကူး​ချိုချို စာ​ပေ) စသူတို့​ပါဝင်ပါတယ်။

ဒီအသင်း​တွေဟာ ​နောက် ၃ လအတွင်း​ တရား​ဝင် ​ပေါ်​ပေါက်လာနိုင်တယ်လို့​ ဦး​ကိုကိုက ​ပြောပါတယ်။

မြန်မာသမ္မတ ဦး​သိန်း​စိန်က​တော့​ စတုထ္ထမဏ္ဍိုင်​တွေ အ​နေနဲ့​ ဒီမိုက​ရေစီကျင့်​စဉ်နဲ့​အညီ လွတ်လပ်မှုနဲ့​ တာဝန်ယူမှုကို မျှမျှတတ ထိန်း​ကျောင်း​ ​ဆောင်ရွက်သွား​စေနိုင်ဖို့​ အမျိုး​သား​ စာနယ်ဇင်း​ ​ကောင်စီ ထူ​ထောင်ဖို့​ စီမံ​နေပြီလို့​ ခုလဆန်း​ပိုင်း​က ​ပြောကြား​ခဲ့​တဲ့​ အစိုး​ရ သက်တမ်း​တနှစ်ပြည့်​ နိုင်ငံ​တော် အ​ခြေပြမိန့်​ခွန်း​မှာ ထည့်​သွင်း​ ​ပြောကြား​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013