ဆိုင်ကယ်စီးရင်း ဗိုက်နာလာလို့ မတ်တတ်ရပ် ကလေးမွေးဖွားခဲ့သည့် အမျိုးသမီး (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း Xiaoshan မြို့မှာ အမျိုးသမီးတဦး ဆိုင်ကယ်စီးနေရင်း ဗိုက်နာလာလို့ လမ်းဘေးမှာ အလျင်စလို ကလေးမွေးလိုက်ရပါတယ်။ လမ်းသွားလမ်းလာတဦးရဲ့ အကူအညီနဲ့ ကလေးထွက်လာတာကို မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး ကလေး မွေးဖွားခဲ့ရတာပါ။ အမျိုးသမီးက ကိုယ်ဝန် ၃၄ ပတ်ပဲ ရှိသေးလို့ သူမ ကလေး မီးဖွားမယ်လို့ မထင်ခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ ဒေသခံသတင်းတွေအရ သိရပါတယ်။ ကလေးမွေးဖွားဖို့ရက် အနည်းဆုံး ၁ လ လိုသေးတာကြောင့် ဆိုင်ကယ်စီးခဲ့တာလို့ ကလေးအမေက ပြောပါတယ်။ ရုပ်သံထဲမှာတော့ ကလေးလေးက မြေကြီးပေါ် ရောက်လာလို့ အမျိုးသမီးက သူမရဲ့အပြာရောင်ဆိုင်ကယ်ပေါ်မှာ ခန္ဓာကိုယ် အရှေ့ကိုင်းပြီး ရပ်နေတာကို တွေ့ရသလို လမ်းသွားလမ်းလာအမျိုးသားတဦးက မွေးစကလေးကို အကာအကွယ်ပေးဖို့ အဝတ်နဲ့ထုပ်ပိုးပြီး ယူလိုက်တာကို တွေ့ရပါတယ်။ ခဏကြာပြီးတဲ့နောက် လူနာတင်ယာဉ် ရောက်လာကာ မိခင်နဲ့ကလေးကို ဆေးရုံ ခေါ်သွားခဲ့ကြတာပါ။ “အမျိုးသမီးက ဆိုင်ကယ်ပေါ်တက်စီးလိုက်တယ်။ ရုတ်တရက် ကလေးက ထွက်လာတယ်။ ဆေးရုံသွားဖို့ အချိန်မရလိုက်ဘူး။ ဒါကြောင့် ဘေဘီဖော်မြူလာစတိုးဆိုင်ရဲ့ အပြင်ဘက်မှာ အမျိုးသမီး ကလေးမွေးလိုက်ရတယ်။ လူတွေအများကြီး ဝိုင်းလာပြီး ကူညီကြတယ်” လို့ အနီးအနား ဆေးဆိုင် ဝန်ထမ်းက ပြောပြတာကို ကိုးကားပြီး ဒေးလီးမေးသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up