Home
မြန်မာသတင်း
ကလေးမြို့တွင် ပုပ်ပွနေသည့် လူသေအလောင်းတွေ့
DVB
·
September 24, 2017
ဒီနေ့ မနက်ပိုင်းက ကလေးမြို့နဲ့ ကျီကုန်းကျေးရွာအကြား ဖောင်ကူးရွာဟောင်း အေးငြိမ်းစံ ဘုန်းကြီးကျောင်း အကျော်မှာ အမျိုးအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့ ကာယကံမေတ္တာနာမှုကူညီရေးအသင်းက ကိုမျိုးမြင့်အောင်က "အလောင်းက မနက်ကတည်းက တွေ့တာ။ ရေကျလို့ ထင်းကောက်တဲ့ လူတွေက တွေ့တာ။ အဲ့ဒါနဲ့ စခန်းကို အကြောင်းကြားပြီး စခန်းက ကျနော်တို့ ကာယကံမေတ္တာ လူမှုရေးအသင်းကို အလောင်းသယ်ဖို့ အကူအညီတောင်းတာနဲ့ လိုက်သွားတာ။ အလောင်းက အမျိုးသား အသက် ၃၀ နဲ့ ၄၀ ကြား ရှိတယ်"လို့ ပြောပါတယ်။ အဲ့ဒီအမျိုးသားအလောင်းကို တွေ့တဲ့အချိန်မှာ အလောင်းဟာ ပုပ်ပွနေပြီး သယ်ယူဖို့ မလွယ်ကူတာကြောင့် တွေ့ခဲ့တဲ့ နေရာမှာပဲ မြှုပ်နှံ သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို အကြောင်းကြောင့် သေဆုံးတယ်ဆိုတာ မသိရသေးသလို ဘယ်သူဘယ်ဝါဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။ အခုလို လူသေအလောင်းတွေ့တာနဲ့ ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024