အင်းစိန်ထောင် အစာငတ်ခံတိုက်ပွဲဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံ
DVB
·
September 24, 2017
၁၉၉၀ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က အင်းစိန်ထောင်မှာ အစာငတ်ခံတိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ တိုက်ကြီးမြို့နယ်က အမေ့အိမ်ဥယျာဉ်ခြံမှာ တွေ့ဆုံခဲ့ကြ ပါတယ်။
သမိုင်းဝင်ထောင်တွင်း တိုက်ပွဲအတွေ့အကြုံတွေကို ပြန်လည်ပြောကြားခဲ့ကြပြီး ဒီလို အမှတ်တရအခမ်းအနားတွေ ပြန်လုပ်နေတာဟာ နာကျည်းစရာအတိတ်ကို ဖော်ထုတ်နေတာ မဟုတ်ဘဲ သမိုင်းသင်ခန်းစာယူဖို့ပဲဖြစ်တယ်လို့ ဆိုကြပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီး အန်အယ်လ်ဒီပါတီကို အာဏာမအပ်တဲ့ အကျိုးဆက်ကြောင့် အခုလို ထောင်တွင်းတိုက်ပွဲတွေ စတင်ခဲ့ပေမယ့် ဒီနေ့မှာ အန်အယ်လ်ဒီအစိုးရက သ၀ဏ်လွှာ မပို့တဲ့ အပေါ်လည်း တချို့ကဝေဖန်ခဲ့ကြပါတယ်။