A d v e r t i s e m e n t With Us

အုတ်မြစ်မချဘဲနဲ့​ အ​ပေါ်ထပ် နိုင်ငံ​ရေး​ကို အရင်ဆုံး​ ​ပြောင်း​လဲလို့​ မရဘူး​။ (​ခေတ်သစ်ပြည်သူ့​ပါတီ ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ရီရီစံနှင့်​ ​မေး​မြန်း​ချက်)

ဒျေါရီရီစံ
၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဧရာဝတီတိုင်း​ ဝါး​ခယ်မမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်က​နေ ဝင်​ရောက်ယှဉ်ပြိုင်မယ့်​ ​ခေတ်သစ်ပြည်သူ့​ပါတီ ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ရီရီစံနဲ့​ ဆက်သွယ် ​မေး​မြန်း​ထား​တာပါ။ [caption id="attachment_23041" align="alignleft" width="300" caption="ဒေါ်ရီရီစံ "][/caption] ပါတီ စည်း​ရုံး​ မဲဆွယ်​ဆောင်ရွက်​နေမှု​တွေနဲ့​ ပတ်သက်ပြီး​ ​မေး​မြန်း​ရာမှာ ​ဒေါ်ရီရီစံက ခုလို စတင် ​ဖြေကြား​ပါတယ်။ “မဲဆွယ် စည်း​ရုံး​မှု လုပ်ငန်း​တွေက​တော့​ အန်တီတို့​ အခု ဝါး​ခယ်မကို ​ရောက်​နေပါတယ်။ အန်တီတို့​ပါတီက ဧရာဝတီတိုင်း​ဒေသကြီး​မှာ​တော့​ လူအင်အား​များ​တယ်​လေ။ ​ရွေး​ကောက်ပွဲ ဝင်မယ့်​ ၃ ​နေရာကို ဖြန့်​ပြီး​တော့​၊​ တခြား​ ​ရွေး​ကောက်ပွဲ မရှိတဲ့​ မြို့​နယ်​တွေက လာ​ရောက်ပြီး​တော့​ ဝိုင်း​ကူညီ လုပ်​ပေး​ကြတယ်။ ဝါး​ခယ်မမြို့​နယ်နဲ့​ ဆက်စပ်​နေတဲ့​ ​မော်ကျွန်း​မြို့​နယ်၊​ ကျိုက်လတ်မြို့​နယ်၊​ လပွတ္တာမြို့​နယ် ​တွေ ရှိတယ်။ အဲ့​ဒီ့​ မြို့​နယ်​တွေကပါ စည်း​ရုံး​ရေး​ ဆင်း​ပေး​ပါတယ်။ သူ့​အပိုင်း​နဲ့​သူ ၄ပိုင်း​ခွဲပြီး​ စည်း​ရုံး​ရေး​ ဆင်း​ပါတယ်။ စက်​လှေနဲ့​ ဆင်း​တဲ့​ အဖွဲ့​တွေ ရှိသလို၊​ ဆိုင်ကယ်နဲ့​ ဆင်း​တဲ့​ အဖွဲ့​တွေလည်း​ ရှိပါတယ်။ သူ့​နေရာနဲ့​ သူ​ပေါ့​။ ဆင်း​တဲ့​အခါမှာ ရွာအနှံ့​၊​ ​ကျေး​ရွာအုပ်စု၊​ မြို့​ပေါ်​တွေပါ ဆိုရင် ​နေရာ ၁၄ဝ​လောက်မှာ ၉ဝ​လောက်ကို စည်း​ရုံး​ရေး​ ​တော်​တော် ပိုင်ပိုင်နိုင်နိုင် ရပြီး​သွား​ပြီ။ ကျမတို့​ ၂ဂရက်​နေ့​မှာ ကျုံမ​ငေး​မြို့​ကို သွား​ပြီး​ ​ဟော​ပြောပွဲလုပ်မယ်။ စည်း​ရုံး​မယ်။ ၂၉ရက်​နေ့​မှာ ဝါး​ခယ်မမြို့​ပေါ်မှာ ​ဟော​ပြောပွဲလုပ်မယ်။ လှည့်​လည်ပြီး​ ကား​နဲ့​ စည်း​ရုံး​ရေး​ ဆင်း​မယ်။ ဒီ အဆင့်​ပဲ ကျန်ပါ​တော့​တယ်။” ကြား​နေရတာက တချို့​နေရာ​တွေမှာ မဲစာရင်း​ ပြဿနာ​တွေ၊​ တရား​မမျှတမှု​တွေ၊​ တချို့​ပါတီကြီး​တွေက မဲဆွယ်တဲ့​ ​နေရာ​တွေမှာ ​ရွေး​ကောက်ပွဲ စည်း​ကမ်း​နဲ့​ မညီညွတ်တာ ​တွေ့​ရတယ်။ ဝါး​ခယ်မ ဘက်မှာ​ရော ​ရွေး​ကောက်ပွဲဆိုင်ရာ ပြဿနာ တစုံတရာ ​တွေ့​ရပါသလား​။ “မဲစာရင်း​ပြဿနာ​တွေ ရှိပါတယ်။ တချို့​ရွာမှာ ၉ ဦး​လောက်ရှိတယ်။ ချက်ချင်း​ ညှိနှိုင်း​ပြီး​ ​ဆောင်ရွက်လိုက်တယ်။ ​နောက်တချို့​ရွာ​တွေမှာ ​နောက်ထပ် အ​ယောက် ၅၀ ​ကျော်​လောက် မဲစာရင်း​ထဲ မပါတာကို လှမ်း​ပြီး​တော့​ ညှိနှိုင်း​ဆောင်ရွက်လိုက်တဲ့​အခါကျ​တော့​ အခု မဲစာရင်း​ထဲ ထည့်​လိုက်ပြီ။ ​တော်​တော်များ​များ​ကို​တော့​ ကိုယ့်​ပါတီဝင် အင်အား​စု​တွေ ရှိတဲ့​ အခါကျ​တော့​ ​စေ့​စေ့​စပ်စပ်နဲ့​ အကုန်လိုက်ပြီး​ ​တော့​ မဲစာရင်း​မရှိတဲ့​ ​နေရာ​တွေကို ​သေချာပြန်ပြီး​တော့​ ​ဆောင်ရွက်​ပေး​ပါတယ်။” ​ဒေါ်ရီရီစံအ​နေနဲ့​ ဝါး​ခယ်မမြို့​က​နေ ​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့​ ဘာ​ကြောင့်​ဆုံး​ဖြတ်ရပါသလဲ။ “ပထမ ဦး​စား​ပေး​အချက် အ​နေနဲ့​က​တော့​ ဧရာဝတီတိုင်း​ဒေသကြီး​ ဝါး​ခယ်မမြို့​နယ်မှာ ပါတီဝင် အင်အား​ ​တောင့်​တယ်။ ပါတီဝင်အင်အား​ရဲ့​ ​တောင်း​ဆိုမှု​ကြောင့်​လည်း​ ဝင်ပြိုင်တာပါ။ ဒုတိယအ​နေနဲ့​က​တော့​ ကျမရဲ့​ အဖိုး​ကဝါး​ခယ်မမြို့​နယ်သား​ဖြစ်တယ်။ ခုကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ၄၈ ​နေရာထဲက ​နေရာလပ်​တွေ ဧရာဝတီတိုင်း​ ​ဒေသကြီး​မှာလည်း​ ရှိတဲ့​အတွက်​ကြောင့်​ ဝါး​ခယ်မမြို့​နယ်ကို အ​ကောင်း​ဆုံး​ ​နေရာလို့​ သတ်မှတ်ပြီး​ ပါတီဝင်အင်အား​ များ​တဲ့​အတွက် ဝင်ပြီး​ အ​ရွေး​ချယ်ခံတာပါ။” လက်ရှိအ​နေအထား​မှာ ပါတီကို မဲဆန္ဒရှင်​တွေရဲ့​ ​ထောက်ခံမှုက ဘယ်​လောက် ရှိပါသလဲ။ ​ရွေး​ကောက်ပွဲမှာ နိုင်မယ်လို့​ ထင်ပါသလား​။ “အခုက​တော့​ အဖွဲ့​ ၄ ဖွဲ့​ ခွဲပြီး​တော့​ စည်း​ရုံး​ရေး​ ဆင်း​တဲ့​နေရာမှာ အ​ခြေအ​နေက ကိုယ့်​အတွက် အ​လေး​သာ တာက​တော့​ ၈၅ ရာခိုင်နှုန်း​လောက်ကို ရှိ​နေပါတယ်။ ကိုယ့်​စည်း​ရုံး​ရေး​ဆင်း​တဲ့​ ပါတီဝင်​တွေက အရင် ၂၀၁၀ ​ရွေး​ကောက်ပွဲမှာထက် အ​တွေ့​အကြုံ​တွေ အများ​ကြီး​ ရလာတယ်။ အဲဒီလိုမျိုး​ အား​နည်း​ချက် အား​သာချက်​တွေ အ​ပေါ်မှာ အ​ခြေပြုပြီး​တော့​ စည်း​ရုံး​ရေး​ဆင်း​တဲ့​ အခါမှာ သူတို့​ဟာ အင်မတန်မှ အား​ရစရာ ​ကောင်း​တယ်။ ​နောက်ပြီး​တော့​ ​ကျေး​ရွာ​တွေရဲ့​ ​ထောက်ခံမှုကိုလည်း​ အများ​ဆုံး​ ရလာတယ်။ ​ကျေး​ရွာတရွာကို ဆင်း​ပြီး​ ​ဟော​ပြောပွဲ လုပ်တယ် ဆိုရင် ​ကျေး​ရွာထုရဲ့​ အား​ပေး​မှုက ​တော်​တော်များ​များ​ကို အား​ရစရာ ​လေး​တွေ​ပေါ့​။ တ​နေရာတည်း​မှာပဲ မြို့​ပေါ်ဆို တ​နေရာတည်း​ လုပ်တဲ့​လူ မဟုတ်တဲ့​အခါကျ ​ကျေး​ရွာအနှံ့​ကို နယ်စွန် နယ်ဖျား​အထိ ရွာ​သေး​သေး​လေး​တွေကအစ စည်း​ရုံး​ရေး​ လုပ်တဲ့​အခါ ကျ​တော့​ ​တော်​တော်များ​များ​ အား​ရဖွယ်အ​ခြေအ​နေကို ​တွေ့​ရပါတယ်။” ၂၀၁၀ တုန်း​က အ​ရွေး​မခံရတဲ့​အ​ပေါ်မှာ ပြန်လည်သုံး​သပ်ပြီး​တော့​ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဘယ်လိုဟာမျိုး​တွေ ပြုပြင်​ပြောင်း​လဲမှု​တွေ လုပ်သင့်​တယ်။ ​နောက် လာမယ့်​ ​ရွေး​ကောက်ပွဲမှာ နိုင်​အောင် ဘာ​တွေ အ​ပြောင်း​အလဲ လုပ်ဖို့​ ပြင်ဆင်ထား​ပါသလဲ။ “၂၀၁၀ မှာတုန်း​က​တော့​ ပယ်မဲတို့​ ဘာတို့​ဆိုတာ ပုံစံတမျိုး​တည်း​ပဲ​ပေါ့​။ အတည်မဲဆိုရင် ဘယ်လိုပုံစံမှ အတည်မဲ​ပေါ့​။ တမျိုး​တည်း​ပဲ သိရတယ်။ နည်း​နည်း​လေး​ ​ကောက်လို့​လည်း​ မရဘူး​။ ​စောင်း​လို့​လည်း​မရဘူး​။ နည်း​နည်း​လေး​မှ အတိမ်း​အ​စောင်း​ မရှိဘူး​လေ။ အဲဒီလိုမျိုး​ကို အတည်မဲလို့​ သတ်မှတ်တယ်။ ကျန်တဲ့​ဟာ​တွေက ပယ်မဲ​ပေါ့​။ အခု ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်က ထုတ်ပြန်ထား​တဲ့​၊​ သတင်း​စာမှာလည်း​ ​ကြေညာထား​တဲ့​ ပုံစံမှာ​တော့​ ပယ်မဲထက် တည်မဲကိုပါ ​တော်​တော်​လေး​ကို အဆင်​ပြေ​အောင်လို့​ ​ဆောင်ရွက် ​ပေး​ထား​တယ်​ပေါ့​။ မသိ နား​မလည်​သေး​တဲ့​ အ​ခြေခံလူတန်း​စား​တွေ အတွက်ကို အဆင်​ပြေ​အောင်​ပေါ့​။ ဘယ်ဟာက အတည်မဲ ဖြစ်သင့်​တယ်။ ဘယ်လိုမျိုး​ဆိုရင် ပယ်မဲ ဖြစ်သင့်​ တယ်ဆိုတာ​လေး​တွေ​ပေါ့​။ အဲဒီ စာရွက်က​လေး​တွေလည်း​ အန်တီတို့​အ​နေနဲ့​ မဲရုံကိုယ်စား​လှယ်​တွေ လက်ထဲကို အား​လုံး​ကို အ​ရောက် ပို့​ပေး​ထား​ပါတယ်။ သူတို့​လည်း​ တနည်း​နည်း​ သိထား​ရ​အောင်လို့​ပေါ့​။” ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က တချို့​ရွာ​တွေမှာဆိုရင် ရွာလူကြီး​က​နေပြီး​တော့​ သူကိုယ်တိုင်ပဲ မဲ​ပေး​သွား​တာ​တွေ ​တွေ့​ရတယ်။ မဲဆန္ဒရှင်​တွေ ကိုယ်တိုင် မ​ပေး​ရဘဲနဲ့​ တရွာလုံး​ ကိုယ်စား​ အမှန်ခြစ် သွား​တာ​တွေ ဘာ​တွေ အဲဒီလိုမျိုး​တွေ ကြား​ခဲ့​ရတယ်။ အဲဒါမျိုး​တွေ မဖြစ်​အောင်လို့​ အန်တီတို့​ ပါတီ​တွေက ဘာ​တွေများ​ ​ဆောင်ရွက်​နေတာ ရှိပါသလဲ။ “အဲဒီကိစ္စကိုလည်း​ အခု ရွာအနှံ့​ စည်း​ရုံး​ရေး​ဆင်း​ပြီး​ ​သေချာ​အောင် အရင်တ​ခေါက်က အား​နည်း​ချက်၊​ အား​သာချက်​တွေ ရှင်း​ပြပါတယ်။ ချို့​ယွင်း​ချက်​တွေ၊​ လိုအပ်ချက်​တွေ အား​လုံး​ ဖြည့်​စွက်ပြီး​တော့​ ​ပြောပြတာ​ပေါ့​။ ဒီလို မဖြစ်​အောင်လို့​ ကြိုပြီး​ တား​တာ​ပေါ့​။ အဓိက က​တော့​ ၉၀ ခုနှစ်ကလည်း​ ​တော်​တော် အလှမ်း​ကွာသွား​ပြီဆို​တော့​၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ဒီမိုက​ရေစီ တာထွက်ကာလလည်း​ ဖြစ်​တော့​ ကျမထင်တာက​တော့​ ပြည်သူလူထုက တခါမှ အ​တွေ့​အကြုံ မရှိဘူး​လေ။ ၉၀ ခုနှစ်ကလည်း​ ၈၈ အ​ရေး​အခင်း​ကြောင့်​ ​ပေါ်​ပေါက်လာပြီး​ ဗြုန်း​စား​ကြီး​ ဘာမှမသိဘဲနဲ့​ ထ​ပေါ်လာတာ​ပေါ့​နော်။ အနှစ် ၂၀ ​လောက် ကြာပြီး​တော့​မှ အခု ​ရွေး​ကောက်ပွဲ စတင်လိုက်တဲ့​ အချိန်မှာ ပြည်သူလူထုက အ​တွေ့​အကြုံ မရှိတာရယ်၊​ ဖွံ့​ဖြိုး​ဆဲ နိုင်ငံဖြစ်တဲ့​အတွက် နည်း​နည်း​လေး​ အသိနည်း​သေး​တာပါ။ အခု လူထုက ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲထက် စာလို့​ရှိရင် တဖြည်း​ဖြည်း​ချင်း​ အသိ ​တော်​တော်​လေး​ မြင့်​လာကြပါပြီ။ နည်း​နည်း​လေး​ ရှင်း​ပြလိုက်တာနဲ့​ ​တော်​တော်​လေး​ သ​ဘော​ပေါက်လာပါပြီ။ အရင်တုန်း​ကလို လုံး​ဝ မသိ နား​မလည်မှု ရှိတဲ့​ အ​ခြေအ​နေထက် အများ​ကြီး​ အ​ခြေအ​နေ​ကောင်း​လာပြီလို့​ ယူဆရပါတယ်။” ​ဒေါ်ရီရီစံတို့​ မဲဆွယ်စည်း​ရုံး​စဉ်မှာ လူထု​တွေနဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ စကား​ပြောကြည့်​တဲ့​အခါ ဝါး​ခယ်မမြို့​မှာရှိတဲ့​ မဲဆန္ဒရှင် ပြည်သူ​တွေက သူတို့​အတွက် ဘာ​တွေ အလိုအပ်ဆုံး​လို့​ ​ပြောကြပါလဲ။ တကယ်လို့​ ​ဒေါ်ရီရီစံ အ​နေနဲ့​ ​ရွေး​ကောက်ခံရမယ် ဆိုလို့​ရှိရင် ဝါး​ခယ်မ ပြည်သူ​တွေအတွက် ဘာ​တွေ လုပ်သွား​ပေး​ဖို့​ စိတ်ကူး​မိပါသလဲ။ “အဓိကက စီး​ပွား​ရေး​ပဲ၊​ လူထု​တွေရဲ့​ စီး​ပွား​ရေး​ အခက်အခဲ​လေး​တွေ ​တော်​တော်​တွေ့​ရတယ်။ ကျမတို့​က ရှင်း​ရှင်း​ပြောပြတာက အ​နောက်နိုင်ငံရဲ့​ စီး​ပွား​ရေး​ ပိတ်ဆို့​မှုက အစိုး​ရမှာ မထိခိုက်ဘူး​။ ကျမတို့​ အ​ခြေခံလူတန်း​စား​တွေ ပြည်သူလူထုမှာပဲ ထိခိုက်တယ်​ပေါ့​နော်။ အ​နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု ဖွင့်​ပေး​လိုက်လို့​ ရှိရင်၊​ ကျမတို့​ နိုင်ငံဟာ လူထုအတွက် အဓိက အကျိုး​ ဖြစ်ထွန်း​စေမယ်​လေ။ အဲဒါအတွက်ကိုပဲ ကျမတို့​ အဓိက ဖြစ်​စေချင်တဲ့​ ဆန္ဒ ရှိတယ်​ပေါ့​နော်။ လူထုကြား​ထဲမှာလည်း​ စီး​ပွား​ရေး​ ပိတ်ဆို့​ထား​တာ​ကြောင့်​ကျမတို့​ နိုင်ငံက ဒီလိုဖြစ်​နေတယ်။ ပြည်သူလူထုက အဓိက ဒုက္ခ​ရောက်တာ​ပေါ့​။ ချမ်း​သာတဲ့​ လူတန်း​စား​ ရှိသလို​ပေါ့​။ အဓိက ၇၀ ရာခိုင်နှုန်း​က ​ကျေး​လက်​နေ လူတန်း​စား​ အ​ခြေခံလူတန်း​စား​ ဖြစ်တဲ့​အခါကျ​တော့​၊​ အဲဒီ အ​ခြေခံလူတန်း​စား​ ၄၅ ရာခိုင်နှုန်း​ ​လောက်က အလယ် အလတ် တန်း​စား​ကို ​ရောက်သွား​တဲ့​အခါ ကျ​တော့​မှ ကျမတို့​ ဒီမိုက​ရေစီနိုင်ငံဟာ နည်း​နည်း​ ခိုင်မာလာပြီလို့​ ယူဆလို့​ ရတယ်​လေ။” ကျမတို့​ အဓိကထား​တာက စီး​ပွား​ရေး​ကိုပါ။ အ​ခြေချပြီး​တော့​ အုတ်မြစ်မချဘဲနဲ့​ အ​ပေါ်ထပ် နိုင်ငံ​ရေး​ကို အရင်ဆုံး​ ​ပြောင်း​လဲလို့​ မရဘူး​။ အ​ခြေခံ စီး​ပွား​ရေး​ အ​ဆောက်အအုံ အုတ်မြစ်ချပြီး​တော့​မှ သူ့​ဟာနဲ့​သူ နိုင်ငံ​ရေး​ဆိုတာ ​ပြောင်း​လဲမှုဆိုတာ တဖြည်း​ဖြည်း​ချင်း​၊​ တမင်​ပြောင်း​လဲစရာ မလို​တော့​ဘူး​ အလိုက်သင့်​လေး​ သူ့​ဟာသူ လိုက်ပါ ​ပြောင်း​လဲလာမယ်လို့​ ကျမတို့​က ယူဆပါတယ်။” ၁။ ​ဒေါ်ရီရီစံ - ကိုယ်​ရေး​အကျဉ်း​ အမည် ​- ဒေါ်ရီရီစံ (က​လောင်အမည် - ခင်ဝင်း​စံ) ​မွေး​သက္ကရာဇ် - ၁၉.၁ဝ.၁၉၆ဝ မိဘအမည် - ဦး​စံထွန်း​အောင်၊​ ​ဒေါ်ညွန့်​ရီ ပညာအရည်အချင်း​ - ၁၉ဂဝ ခုနှစ်တွင် ၁ဝ တန်း​အောင်၊​ ၁၉၉၄ ခုနှစ်တွင် ပထဝီဘာသာဖြင့်​ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့​ရ။ ​မွေး​ချင်း​ - ၆ ဦး​ အနက် တတိယ​မြောက် မိသား​စု - ခင်ပွန်း​ ဦး​ထွန်း​အောင်​ကျော် (ဥက္ကဋ္ဌ၊​ ​ခေတ်သစ်ပြည်သူ့​ပါတီ) အလုပ်အကိုင် - အငြိမ်း​စား​ ​ကျောင်း​ဆရာမ၊​ ဗဟိုဦး​စီး​ အဖွဲ့​ဝင် (​ခေတ်သစ် နိုင်ငံ​ရေး​သိပ္ပံ ​ဘောဂ​ဗေဒကျောင်း​တော်သား​စုအဖွဲ့​) လက်ရှိပါတီတာဝန် - ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီ၊​ တွဲဖက် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ (၂) နိုင်ငံ​ရေး​ ​နောက်ခံ - ၁၉၉၈ ခုနှစ်မှာ အိမ်​ထောင်ကျပြီး​ ​ကျောင်း​ဆရာမ အဖြစ်မှ အငြိမ်း​စား​ယူပြီး​ နိုင်ငံ​ရေး​မူဝါဒ​တွေကို သု​တေသနပြုပြီး​ အမျိုး​သား​ဆီမှာ ​လေ့​လာခဲ့​ပါတယ်။ အမျိုး​သား​နိုင်ငံ​ရေး​လှုပ်ရှား​မှု​တွေမှာ ခင်ပွန်း​နဲ့​အတူ ပါဝင်ခဲ့​ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ဗဟို​ကော်မတီဝင်ဖြစ်ပြီး​ ၂ဝဝ၉ ခုနှစ်မှာ ဗဟိုဦး​စီး​အဖွဲ့​ဝင် ဖြစ်လာခဲ့​တယ်။ အဘိုး​ဖြစ်သူဟာ သီရိပျံချီ ဦး​သန်း​စိန်ဖြစ်ပြီး​ ဝန်ကြီး​ချုပ် ဦး​နု လက်ထက်က ပါလီမန်အမတ် ဖြစ်ခဲ့​ပါတယ်။ “​ခေတ်သစ် နိုင်ငံ​ရေး​သိပ္ပံ ​ဘောဂ​ဗေဒ ​ကျောင်း​တော်သား​စုမှာ ဗဟိုဦး​စီး​အဖွဲ့​ဝင် အဆင့်​ ၅ ပါ။ “အစိုး​ရပိုင် ​ကြေး​မုံ၊​ မြန်မာ့​အလင်း​သတင်း​စာ​တွေမှာ ခင်ဝင်း​စံနာမည်နဲ့​ တပ်မ​တော်​နေ့​ ဂုဏ်ပြု​ဆောင်း​ပါး​တွေ၊​ အမျိုး​သမီး​များ​နေ့​ ဂုဏ်ပြု​ဆောင်း​ပါး​တွေ ​ရေး​ပါတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့​ပြီး​ အ​ရေး​နိမ့်​ခဲ့​ဖူး​ပါတယ်။ ၂၀၁၂ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝါး​ခယ်မမြို့​နယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်မြင့်​မြင့်​စန်း​၊​ ကြံ့​ခိုင်​ရေး​ပါတီက ဦး​ထွန်း​အောင်​ကျော်၊​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ ပါတီက ဦး​သန်း​အောင်တို့​နဲ့​ ယှဉ်ပြိုင်ရမှာပါ။

A d v e r t i s e m e n t With Us

More News
Up