DVB Logo
Home
မြန်မာသတင်း
ပဒို မန်း​ငြိမ်း​မောင်ကို ​ကေအန်ယူထံ အစိုး​ရပြန်အပ်
DVB
·
March 25, 2012
ပဒို မန်း​ငြိမ်း​မောင်ကို ​ကေအန်ယူထံ အစိုး​ရပြန်အပ်
Donate to DVB

လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်လာတဲ့​ ​ကေအန်ယူ ကရင်အမျိုး​သား​ အစည်း​အရုံး​ ဗဟို​ကော် မတီဝင် ပဒိုမန်း​ငြိမ်း​မောင်ကို ပြည်​ထောင်စုအစိုး​ရ ဝန်ကြီး​တွေဖြစ်တဲ့​ ဦးအောင်မင်း​နဲ့​ ဦး​ခင်ရီတို့​ ကိုယ်တိုင် ​ကေအန်ယူထံ လာ​ရောက် အပ်နှံခဲ့​ပါတယ်။

[caption id="attachment_23037" align="alignleft" width="300" caption="ပဒိုမန်းငြိမ်းမောင်"][/caption]

စ​နေ​နေ့​ မနက် ၁၀ နာရီမှာ ထိုင်း​-မြန်မာ နယ်စပ် မဲ​ဆောက်မြို့​က ဟိုတယ်တခုမှာ ရထား​ ဝန်ကြီး​ ဦး​အောင်မင်း​၊​ လူဝင်မှူကြီး​ကြပ်​ရေး​ဝန်ကြီး​ ဦး​ခင်ရီတို့​က ပဒိုမန်း​ငြိမ်း​မောင်ကို ​ခေါ်ဆောင်လာပြီး​ ​ကေအန်ယူ ​ခေါင်းဆောင်တွေ လက်ထဲ အပ်နှံခဲ့​တာပါ။

ဦး​အောင်မင်း​က “သမ္မတကြီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​လိုက်တယ်​လေ။ အဲဒါကို အခု ကျ​နော်ကိုယ်တိုင် လာပို့​တာပါ။ ကျ​နော်ကတိ​ပေး​တဲ့​အလုပ်ကို ပြီး​မြောက်​အောင် ​ဆောင်ရွက် တာပါ။”လို့​ သတင်း​ထောက်​တွေကို​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်က​တော့​ တသက်တကျွန်း​ အပစ်​ပေး​ခံခဲ့​ရပြီး​မှ ပြန်လွှတ်​ပေး​တဲ့​အ​ပေါ် “ဝမ်း​သာ တာ​ပေါ့​ဗျာ။ နိုင်ငံ​ခေါင်း​ဆောင်တ​ယောက် အဲဒီလို အ​မျှော်အမြင်ရှိရှိနဲ့​ ကျ​နော်တို့​ကို လွှတ်​ပေး​ တဲ့​ဟာက အမျိုး​သား​စည်း​လုံး​ ညီညွတ်​ရေး​နဲ့​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​ တည်​ဆောက်တဲ့​နေရာမှာ အများ​ကြီး​ အ​ထောက်အကူ ဖြစ်တာ​ပေါ့​။”လို့​ မှတ်ချက်​ပေး​ပါတယ်။

ရထား​ဝန်ကြီး​ ဦး​ဆောင်တဲ့​ မြန်မာအစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ဖဒိုမန်း​ငြိမ်း​ ​မောင်ကို လာ​ရောက်ပို့​ဆောင်အပြီး​မှာ ​ကေအန်ယူအဖွဲ့​နဲ့​ ​ဆွေး​နွေး​ပွဲ တခုလည်း​ ပြုလုပ် ခဲ့​ပါ ​သေး​တယ်။ ဒီ​ဆွေး​နွေး​ပွဲအပြီး​မှာ ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရ ​ဆွေး​နွေး​ပွဲကို ကြား​ဖြတ် ​ရွေး​ ​ကောက်ပွဲအပြီး​ ဧပြီ ၄ ရက်မှာ ပြုလုပ်မယ်လို့​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ​ပြောဆိုခဲ့​ပါတယ်။

“ဒါက​တော့​ ကျ​နော်တို့​က ကြား​ဖြတ်​ဆွေး​နွေး​ပွဲကိုး​။ ဧပြီလ ၄ ရက်​နေ့​မှာ ရန်ကုန်မှာ ဒုတိယအဆင့်​ political dialouge plus development and settlement အဲ့​ကိစ္စ​တွေ ဆက် ​ဆွေး​နွေး​မယ်။ ဒါ့​ကြောင့်​ ၄ ရက်​နေ့​အတွက် လာပြီး​ ကြိုတင်ညှိနှိုင်း​တာ​ပေါ့​။ ၄ ရက်​နေ့​ကျရင် ရန်ကုန်မှာ ​ဆွေး​နွေး​ကြမှာပါ။”

ကေအင်န်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာ စိန်က​တော့​ ဒီ​ဆွေး​နွေး​ပွဲနဲ့​ပတ်သက်ပြီး​ “ဒုတိယအကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ ကိစ္စကို ဘယ်လို ဆက်လက်ပြီး​ ​ဆွေး​နွေး​မယ် ဆိုတာကို ကျမတို့​တွေ့​ဆုံ ​ဆွေး​နွေး​တာ ဖြစ်တယ်။ ​နောက်တ​ခေါက် ကျမတို့​သွား​ရမယ့်​ အစီအစဉ်၊​ ​ဆွေး​နွေး​ရမယ့်​ အချက်အလက်​တွေကို ​ဆွေး​နွေး​တာပါ။”လို့​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013