Sunday, May 28, 2023
ကချင်​ရွေး​ကောက်ပွဲ​ရွှေ့​ဆိုင်း​မှု ပါတီနဲ့​ကိုယ်စား​လှယ်​လောင်း​တွေ စိတ်ပျက်
ကချင်ပြည်နယ်အတွင်း​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကျင်း​ပဖို့​စီစဉ်ထား​တဲ့​ မဲဆန္ဒနယ်​တွေအား​လုံး​ မှာ လုံခြုံ ​ရေး​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို​ရွေ့​ဆိုင်း​လိုက်တယ်လို့​ ပြည် ​ထောင်စု ​ရွေး​ ​ကောက်ပွဲ ​ကော်မရှင်က ​ကြေညာလိုက်ပါတယ်။
ကချင်ပြည်နယ် မိုး​ကောင်း​၊​ ဖား​ကန့်​နဲ့​ ဗန်း​မော်မြို့​နယ်​တွေက ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်(၃) ​နေရာမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ဧပြီလ ၁ ရက်​နေ့​မှာ ကျင်း​ပဖို့​ မူလကစီစဉ်ထား​တာဖြစ်ပြီး​ လုံခြုံ ​ရေး​အ​ခြေအ​နေ​ကြောင့်​ လွတ်လပ်တရား​ မျှတတဲ့​ရွေး​ ​ကောက်ပွဲ ကျင်း​ပဖို့​အ​ခြေအ​နေ မရှိဟုဆိုပြီး​ ရက် ​ရွှေ့​ဆိုင်း​လိုက်တယ်လို့​ ​သောကြာ​နေ့​မှာ ​ကော်မရှင်က နိုင်ငံပိုင်မီဒီယာ​တွေက ​နေ ​ကြေညာခဲ့​တာပါ။
ရွေး​ကောက်ပွဲ ပြန်လည်ကျင်း​ပမယ့်​ ရက်ကို​တော့​ အသိ​ပေး​ ​ကြေညာခဲ့​ခြင်း​မရှိဘဲ အဆင်​ပြေ သင့်​လျော်ချိန်မှာ ကျင်း​ပ​ပေး​မယ်လို့​ဆိုပါတယ်။
ကချင်ပြည်နယ်မှာ ​ရွေး​ကောက်ပွဲ မလုပ်​တော့​ဘူး​လို ​ကော်မရှင်က ​ကြေညာလိုက်တဲ့​အ​ပေါ် မိုး​ ​ကောင်း​မြို့​နယ်မှာ တသီး​ ပုဂ္ဂလိကအဖြစ် ဝင်ပြိုင်မယ့်​ ​ဒေါက် တာ တူး​ဂျာ က​တော့​ သူကိုယ်တိုင်​ရော မဲဆန္ဒရှင်​တွေပါစိတ်ပျက်သွား​ကြတယ်လို့​ပြောပါ တယ်။
‘ စိတ်​တော့​ထိခိုက်တာ​ပေါ့​လေ ၊​ ကျ​နော်တို့​လည်း​တော်​တော်​လေး​ ပြင်ထား​တာ။ လူထုက လည်း​ ​တော်​တော်​လေး​ ​မျှော်လင့်​စောင့်​စား​နေကြတာ။ ​ရွေး​ကောက်ပွဲ​နေ့​ကို ဒီလို ဗြုန်း​စား​ကြီး​ ကြား​လိုက်ရတဲ့​အခါကျ​တော့​ ​တော်​တော်​လေး​တော့​ စိတ်မ​ကောင်း​ဖြစ်မိပါတယ်။ အား​လုံး​က စိတ်ပျက် သွား​ကုန်ကြ မယ်ဆိုတာက ​တော့​မြေကြီး​ လက်ခတ်မလွဲဘူး​ လို့​ပြောပါတယ်’
ဒေါက်တာ တူး​ဂျာဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ ပါဝင်ယှဉ်ပြိုင်ဖို့​ ကြိုး​စား​ခဲ့​ပေမယ့်​ ​ရွေး​ကောက်ပွဲဝင် ခွင့်​မရခဲ့​ပါဘူး​။ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဝင်ဖို့​ပြင်ဆင်ခဲ့​ပြီး​ကာမှ အစီအစဉ် ပျက်သွား​တဲ့​ရတာပါ။ ဒါ​ပေမယ့်​ ​ရွေး​ကောက်ပွဲ ပြန်ကျင်း​ပမယ့်​အချိန်ကို စိတ်ရှည်ရှည် ဇွဲ​ကောင်း​ ​ကောင်း​နဲ့​ဆက်​စောင့်​သွား​မယ်လို့​ဒေါက်တာတူး​ဂျာက​ပြောပါတယ်။
ကချင်ပြည်နယ် မဲဆန္ဒနယ် (၃)​နေရာစလုံး​မှာ ဝင်ပြိုင်ဖို့​ ပြင်ဆင်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က​တော့​ ‘ သူတို့​က​တော့​ လုံခြုံ​ရေး​လို့​အ​ကြောင်း​ပြမှာဘဲ ဒါ​ပေမယ့်​ ပြင်ဆင်ထား​ရတဲ့​ နိုင်ငံ​ရေး​ ပါတီ​တွေ ခုလိုအချိန်ကျမှဆို​တော့​ စိတ်ပျက် ကုန် တာ​ပေါ့​။ ဘယ်ပါတီကဖြစ်ဖြစ် ​တော် ​တော်ပြင် ဆင်ထား​ပြီး​ပြီး​။ ​ငွေ​ကြေး​အကုန်ခံပြီး​မှ ခုလိုဖြစ်သွား​တယ် ဆို​တော့​စိတ်ဓာတ်ကျသွား​ကြမှာပဲ။ ကချင်ပြည် နယ်ခရီး​ စဉ်မှာ ဥက္ကဌက လည်း​တော်​တော့်​ကို အပင်ပန်း​ခံပြီး​သွား​ခဲ့​ရတာ”လို့​ပြောပါတယ်။
အန်အယ်လ်ဒီပါတီအ​နေနဲ့​ မူလက ၄၈ ​နေရာစလုံး​မှာဝင်ပြိုင်ဖို့​ စီစဉ်ထား​တာပြီး​ ကိုယ်စား​လှယ် ​လောင်း​ ၁ ဦး​ ပယ်ခံထား​ရပြီး​ ခု ၃ ​နေရာမှာ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​မရှိ​တော့​တဲ့​တွက် ဧပြီ ၁ရက်ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်​နေရာ ၄၄ ​နေရာသာကျန်ရှိ​တော့​တာပါ။
ကချင်ပြည်နယ် (၂)​နေရာမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ပြင်ထား​တဲ့​ အန်ဒီအက်ဖ်အမျိုး​သား​ဒီမိုက ​ရေစီအင်အား​စုပါတီ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက​တော့
‘ ကြား​ခါစက​တော့​ ​တော်​တော်စိတ်ပျက်သွား​တယ်။ ပြန်​လေ့​လာကြည့်​တဲ့​အခါကျ​တော့​ လုံခြုံ​ရေး​အ​ကြောင်း​ပြချက်နဲ့​ရွေ့​တဲ့​သ​ဘောရှိပြီး​တော့​ ​ဒေသခံပြည်သူ​တွေရဲ့​ ဆန္ဒ၊​ကိုထုတ်​ဖော် ခွင့်​လုံး​ ဝမ​ပေး​တော့​ဘူး​ဆိုပြီး​ရပ်ဆိုင်း​လိုက်တာမဟုတ်ဘူး​ဆိုတာ​တွေ့​ရပါတယ်။ လုံခြုံ​ရေး​အဆင် ​ပြေတဲ့​ အခါပြန်လုပ်မယ်လို့​ကတိကဝတ်ပါတဲ့​အခါကျ​တော့​ ကျ​နော်တို့​ရဲ​ဘော်များ​ဟာလည်း​ပဲ မဲဆွယ် စည်း​ရုံး​မှု ကာလပိုရသွား​ပြီး​။ ပြည်သူ​တွေနဲ့​ ​သေ​သေချာချာ့​ထိ​တွေ့​မှု ပိုရသွား​ပြီး​ အဆိုး​ထဲက အ​ကောင်း​ပေါ့​ဗျာ လို့​ပြောပါတယ်။
ကချင်ပြည်နယ်မှာ ​ရွေး​ကောက်ပွဲ မလုပ်​တော့​ဖို့​ကြေညာချက်ဟာ ပြည်​ထောင်စု​ရွေး​ ​ကောက်ပွဲ ​ကော်မရှင် ဥက္ကဌ ဦး​တင်​အေး​ ကချင်ပြည်နယ်ကိုသွား​ရောက်အပြီး​မှာ ထွက်​ပေါ်လာခဲ့​တာပါ။
မတ် (၂၀)ရက်​နေ့​က မြစ်ကြီး​နား​မြို့​ မြို့​တော်ခန်း​မမှာ ဦး​တင်​အေး​က ပြည်နယ်၊​ခရိုင်၊​မြို့​ နယ်က ​ရွေး​ကောက် ပွဲ​ကော်မရှင် တာဝန်ရှိသူ​တွေနဲ့​ ကိုယ်စား​လှယ်​လောင်း​တွေကို​ခေါ်ယူ​တွေ့​ဆုံစဉ်က​တော့​ ကချင်မှာ ​ရွေး​ကောက်ပွဲလုပ်ဖို့​ မ ​သေချာဘူး​ဆိုတာကို ​ပြောဆိုခဲ့​ခြင်း​မရှိဘူး​လို့​ ဒီ​တွေ့​ဆုံပွဲမှာ ပါဝင်တဲ့​ ကိုယ်စား​လှယ်​လောင်း​တဦး​က​ပြောပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular