Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 21, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲ ၁ တန်ကို ငွေကျပ် ၅၆၄,၀၀၀ ဈေးရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့ ဈေးနဲ့ယှဉ်ရင် ၄,၀၀၀ ကျပ် ဈေးတက်သွားပါတယ်။ ပဲစင်းငုံနီ ပဲစင်းငုံနီ(RC)ကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၂၄,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂,၅၀၀ ကျပ် ဈေးတက်သွားပါတယ်။ ကုလားပဲခြမ်း ကုလားပဲခြမ်းက ၁ ပိဿာကို ၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃,၁၀၀ ဈေးရှိနေပြီး ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ ပဲကြီး ပဲကြီး ၁ ပိဿာကို ၂၄၃၀ ကျပ်ကနေ ငွေကျပ် ၂၈၃၅ ဈေးရှိနေပြီး ၁၅ ကျပ် ဈေးတက်သွားပါတယ်။ ထန်းလျက် ထန်းလျက် ၁ ပိဿာကို ၁,၁၅၀ ကျပ်မှ ငွေကျပ် ၁,၇၂၅ ဈေးရှိနေပြီး ၂၅ ကျပ် ဈေးတက်သွားပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ၁,၆၇၅ ကျပ်မှ ငွေကျပ် ၁,၇၀၀ ကျပ် ဈေးရှိနေပြီး ၅၀ ကျပ် ဈေးကျသွားပါတယ်။ ပဲနောက်စိမ်းသေး ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းသေးက ၁ တင်းကို ငွေကျပ် ၃၀,၀၀၀ ဈေး ရှိနေပြီးတော့ ၅၀၀ ကျပ်  ဈေးတက်သွားပါတယ်။ ပဲဇီးကွက် မြင်းခြံ ကုန်စည်ဒိုင်မှာတော့ ပဲဇီးကွက် ၁ ပိဿာကို ငွေကျပ် ၁၅၀၀ ဈေးရှိနေပြီး ၁၀၀ ကျပ် ဈေးတက်သွားပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။   သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024