အရက်မူး ကားမောင်းခဲ့သည့် ရွန်နီကို အဲဗာတန်အသင်း ဒဏ်ရိုက်

ဓာတ်ပုံ - ဘီဘီစီ
အဲဗာတန်အသင်းဟာ အရက်မူးပြီး ကားမောင်းခဲ့လို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရွန်နီကို လုပ်ခ ၂ ပတ်စာ ဒဏ်ရိုက်ခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီဟာ စက်တင်ဘာ ၁ ရက် ညပိုင်းက  အရက်အလွန်အကျူးမူးပြီး ကားမောင်းခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှု ခံခဲ့ရတာပါ။ ရွန်နီကို အရက်မူးနှုန်းတိုင်းတာတဲ့ ကိရိယာနဲ့ စစ်ဆေးအပြီးမှာ သတ်မှတ်တဲ့ပမာဏထက် ပိုခဲ့တာကြောင့် တရားရုံးကနေ ၂ နှစ် ကားမောင်းခွင့် ပိတ်ပင်တဲ့ပြစ်ဒဏ်နဲ့ လူမှုရေးလုပ်ငန်းတွေမှာ တနှစ်ကြာလုပ်ဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရွန်နီက အဲဗာတန်အသင်း တာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် အဲဗာတန်အသင်းက လုပ်ခ ၂ ပတ်စာ ထပ်ပြီး ဒဏ်ရိုက်ခဲ့တာပါ။ ရွန်နီရဲ့ လုပ်ခနှစ်ပတ်စာဖြစ်တဲ့ ပေါင် ၃ သိန်းခန့်ကို အဲဗာတန်အသင်းက လူမှုရေးအဖွဲ့အစည်းတွေမှာ လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူးရွန်နီဟာ အရက်မူးပြီး ကားမောင်းခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး တရားရုံးကိုလည်း ပေါင် ၁၇၀ ဒဏ်ငွေဆောင်ခဲ့ရပါတယ်။

More News
Up