သမ္မတဟောင်းဦးသိန်းစိန်ကို တကိုယ်တော်စက်ဘီးစီး ထောက်ခံ
DVB
·
September 21, 2017
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စု ကန်သာယာကျေးရွာမှာနေတဲ့ ကိုရဲကျော်သူဟာ စက်တင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီက စတင်ပြီး နေပြည်တော်ရှိ သမ္မတဟောင်းဦးသိန်းစိန်ကို ဂါရဝပြုရန်တိုက်ကြီးမြို့မှ တကိုယ်တော်စက်ဘီးစီး စတင်ထွက်ခွာသွားပါတယ်။
“ကျနော်အခုလို သမ္မတကြီးနဲ့ အဘဦးဆွေအောင်ကို ဂါရဝပြုတာက ကျနော်တို့ မိသားစုကို ပြန်ဆုံအောင်ပြည်ပရောက်နေသူတွေကို ပြည်ဝင်ခွင့်ပြုလို့ ကျနော်တို့ မိသားစုတွေ ပြန်ဆုံခဲ့ရ တယ်။ နောက်ပြီး ကျနော်တို့ကျေးရွာကို စားကျက်မြေကနေ ရွာမြေဖြစ်အောင် လွှတ်တော်မှာ အတည်ပြုပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ပါ အခုသမ္မတကြီးက ကျနော်တို့ကျေးရွာကို အတည်ပြုပေးသော်လည်း အခုအချိန်ရွာသားတွေမြေနေရာ အတိအကျမရသေးဘူး ဆိုတာတွေကို ပြောပြချင်လို့ပါ”လို့ ကိုရဲကျော်သူက ပြောပါတယ်။
သမ္မတကြီးကို သွားရောက်ဂါရဝပြုဖို့ တစ်ကိုယ်တော်စက်ဘီးနဲ့ ထွက်ခွာရာမှာ စက်ဘီးပေါ်မှာ ဗီနိုင်းနဲ့ ကျးဇူးရှင်သမ္မတ(ဟောင်း)ဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော်အမတ်(ဟောင်း) ဦးဆွေအောင်တို့ကို သွားရောက်ကန်တော့ပါသည် စတဲ့ ဆိုင်းဘုတ်ထောင်ပြီး နေပြည်တော်လမ်းဟောင်းမှတဆင့် သွားရောက်ခဲ့ရာ လမ်းတလျှောက်မြို့တွေမှာ စာတင်ခဲ့ကြောင်းသိရပါတယ်။
သတင်း - မေသွယ်