DVB Logo
Home
မြန်မာသတင်း
ဓမ္မာစရိယတန်း အောင်မှ နယ်လှည့်​တရား​​ဟောရမည်
DVB
·
March 22, 2012
Donate to DVB

ဓမ္မာစရိယတန်း ​ မ​အောင်မြင်​သေး​တဲ့​ သူတွေကို နယ်လှည့်​တရား​​ဟော​ပြောခွင့်​ ပိတ်ပင်ထားတဲ့​ နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက် အမည်ရှိ ကြေညာချက်ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဂုဏ်အင်္ဂါ ၉ ချက်ထဲမှာ အဓိအားဖြင့်   ဓမ္မာစရိယတန်း​ ​အောင်ရမယ် ဆိုတာနဲ့ နိုင်ငံ​ရေး​၊​ စီး​ပွားရေး​၊​ လူမှု​ရေး​တွေကို မ​ဟောရဘူး​ ဆိုတာတွေ ပါဝင်တယ်လို့  ထုတ်ပြန်ချက် ရရှိထား​တဲ့​ ရန်ကုန်တိုင်း​ ပုဇွန်​တောင်မြို့နယ် ​ရွှေ​တောင်​ကျောင်း​တိုက်က ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ပဏ္ဏဝံသက မိန့်ဆိုပါတယ်။

ကျန်တဲ့ ဂုဏ်အင်္ဂါတွေထဲမှာ  အနည်းဆုံးသိက္ခာ ၁၀ ဝါရှိဖို့၊ ဆဋ္ဌသင်္ဂါယနာ မူအတိုင်း​ ပိဋကတ်​တော်​တွေ၊​ အဋ္ဌကထာတော်တွေနဲ့ ဆန့်ကျင်ဘက် မပြုဖို့ နဲ့  ပုဂ္ဂိုလ်ရေးထိပါးပုတ်ခတ်ခြင်း မပြုဖို့  ဆိုတာတွေ ပါဝင်တယ်လို့  ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ဓမ္မာစရိယတန်း မအောင်မြင်ပေမယ့် တရားဟော ကောင်းတဲ့ ရဟန်းတွေ နယ်လှည့်တရားဟောခွင့် ဆုံးရှုံးမယ့် သဘော ရှိနေတယ်လို့  ဆရာတော်က မိန့် ပါတယ်။

“​ဓမ္မာစရိယ ​အောင်တိုင်း​ တရား​ဟော နိုင်တာ မဟုတ်တာကိုး။ ဒါကို မြန်မာ နိုင်ငံမှာ ရှိ​နေတဲ့​ ​ထေရဝါဒ ရဟန်း​တော်​တွေအ​နေနဲ့​ ​တော်​တော် သိထား​တယ်​။ ဥပမာဆိုရင် စွန်း​လွန်း​ဂူဆရာ​တော်ဟာ ရဟန္တာ ဖြစ်တာပဲ။ သူတို့လည်း​ တရား​တွေ ​ဟောသွား​တာပဲ။ ဘာအတန်း​မှ မ​အောင်ခဲ့​ပါဘူး​။ ဒါဟာ မလိုအပ်ပါဘူး​။ " လို့  မိန့်ပါတယ်။

 နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ ​လောကအ​ရေး​တွေ မ​ဟောကြဖို့ ဆို​တဲ့အချက်ဟာလည်း ဘုရားအလိုနဲ့ ဆန့် ကျင်နေတယ်လို့ ဆက်မိန့် ပါတယ်။

"​ဒါက ဘာနဲ့ဆန့်ကျင်လဲ ဆို​တော့​ ဦး​ဇင်း​တို့ ရတနာ့​သုတ်၊​ ပရိတ်ကြီး​ပါဠိ​တော် အဖွင့်​မှာတင် ​လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယ ဆိုတာရှိတာပဲ။ ဒါ​လောကတ္ထစရိယကို ပိတ်ပင်တာနဲ့ အတူတူပါပဲ။ ”

တရားနာပရိသတ်တွေ အယူမှားအမြင်မှား ဖြစ်မှာစိုးလို့ ပိတ်ပင်ရတာလို့ သိရပြီး ထူးခြားချက် အဖြစ်ကတော့ မလိုက်နာရင် ဘယ်လို အပြစ်ပေး အရေးယူ မယ်ဆိုတာ မပါရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။

တ​ပေါင်း​လပြည့်​ကျော် ၃ ရက်က​နေပြီး​ လပြည့်​နေ့​ထိ ကျင်းပတဲ့ ၄၇ ပါး​စုံညီ အစည်း​အ​ဝေး​  ဆုံးဖြတ်ချက်အရ ​ ထုတ်ပြန်တာဖြစ်ပြီး မြို့နယ် သံဃနာယက အဖွဲ့တွေထံ ဝေငှထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013