အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းနေပေ မယ့် ကေအိုင်အေနဲ့  အစိုးရ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အခု သီတင်းပတ် အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာ အစိုးရတပ်ဘက်က အဆိပ်ဓာတ်ငွေ့တွေပါ သုံးစွဲလာတယ်လို့ ကေအိုင်အိုပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။
- အစိုးရပစ်ခတ်သော လက်နက်ကြီးကျည် အပိုင်းအစများကေအိုင်အေ စစ်ဆေးနေစဉ်
ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကန်ဒေါင်ယန် ကျေးရွာအနီးက တိုက်ပွဲမှာ အစိုးရဘက်က ဒီအဆိပ်သင့် ကျည်ငွေ့တွေကို သုံးခဲ့တာလို့ သူက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်မှာ ရှိတဲ့ အဲဒီ တောင်ကုန်းတွေပေါ်က ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ ခြေကုပ်စခန်းတွေ ကို ခလရ ၄၆၀၊ ခမရ ၃၉၀ စတဲ့ အစိုးရတပ်က လွန်ခဲ့တဲ့ ၃ – ၄ ရက်က စပြီး သိမ်းဖို့ကြိုးစားတဲ့အတွက် တိုက်ပွဲ ဆက်ဖြစ်နေတယ် လို့ သူက ဆိုပါတယ်၊။
၂၀၁၁ ခုနှစ် နှစ်လည်ပိုင်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတို့ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာလည်း အစိုးရဘက်ကပစ်တဲ့ ကျည်ဆံပေါက်ကွဲမှုကနေ ထွက်တဲ့အငွေ့ကို ရှုရှိုက်မိတဲ့ ရှမ်းတပ်သားတချို့  မူးဝေခဲ့ရတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ဖူးပါတယ်။