DVB Logo
Home
မြန်မာသတင်း
ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ရပ်တန့်ဖို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စာတင်
DVB
·
March 22, 2012
ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ရပ်တန့်ဖို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စာတင်
Donate to DVB

တနင်္သာရီတိုင်း ကော့သောင်းမြို့က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ရပ်တန့်ဖို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဆီကို စာပို့လိုက်ပါတယ်။

[caption id="attachment_11144" align="alignleft" width="300" caption="ဒေါ်ချိုချိုကျော်ငြိမ်း (ဒီမိုကရက်တစ်ပါတီ မြန်မာ)"][/caption]

မကြာခင်မှာ စတင်လည်ပတ်ဖို့ ပင်ဆင်နေတဲ့ ရှစ်မဂ္ဂါဝပ်   ​ကျောက်မီး​သွေး​ ဓာတ် အား​ပေး​စက်ရုံဟာ လူ​နေရပ်ကွက် ၂ ခုအကြားမှာ ရှိနေတဲ့ အတွက် ဒေသခံတွေရဲ့ ကျန်းမာရေး အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့  အထွေထွေအတွင်း ရေးမှူး ၁ ဒေါ် ချိုချိုကျော်ငြိမ်း က ပြောပါတယ်။

“အဲဒီစက်ရုံကလေ လူတွေနေတဲ့ ရပ်ကွက်ထဲမှာ လာလုပ်တဲ့ အခါကျတော့ အသက်ရှုလို့မရဘူး ရောဂါတွေဖြစ်တယ် အဲဒါ အများကြီးပဲ ဝိုင်းပြီးတော့ complaint တက်တာနဲ့ အန်တီတို့ ဒီမိုကရက်တစ်ပါတီက တိုင်ပေးတာ။ ဝန်ကြီးချုပ်ကိုတိုင်တော့ ဝန်ကြီးချုပ်က အထက်ကို တင်ပြပါ့မယ် ဆိုတော့ အန်တီတို့က အခု သမ္မတ ကြီးပါတိုင်တယ်။ ဒီမိုကရက်တစ်ပါတီ အနေနဲ့ တိုင်တာ။” လို့  သူက ပြောပါတယ်။

ကျောက်မီးသွေးစက်ရုံက ထွက်လာမယ့် ကာဗွန်မိုနောက်အောက်ဆိုက် ခေါ် အဆိပ် မီးခိုးငွေ့များ နှင့် ပြာမှုန့် အပူငွေ့ အဆီများကြောင့် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဦးနှောက် အမှေးပါး ရောင်ခြင်း၊ ဦးနှောက်သွေးကြောများ သေးငယ်ခြင်း စတဲ့ ဆိုးကျိုးတွေ ရရှိနိုင်တယ်လို့  ပါတီကထုတ်ဝေတဲ့ လက်ကမ်း စာစောင်ထဲမှာ ပါရှိတယ်လို့  ဖတ်ရသူ တဦးက ဒီဗွီဘီကို ပြောပြပါတယ်။

သန်း​ဖြိုးသူကုမ္ပဏီက ပိုင်ဆိုင်တဲ့ အဲဒီ စက်ရုံဟာ ကိုး​ဆယ်ရာခိုင်နှုန်း​လောက် ပြီး​စီး​နေပြီး​  လျှပ်စစ်ဖြန့်​ဖြူး​ မယ့်​ အ​ကြောင်း​ ရပ်ကွက်​နေ ပြည်သူ​တွေကို စက်ရုံမန်​နေဂျာနဲ့​ ရပ်​ကျေး​အုပ်ချုပ်​ရေး​မှူး​တွေ လဆန်းပိုင်းက လိုက်လံ ရှင်း​လင်း​ခဲ့​ပါတယ်။

ဒီကျောက်မီးသွေးစက်ရုံကို ထိုင်းနိုင်ငံ ပရာကျွတ်မှာ တပ်ဆင်ခဲ့ဖူးပြီး ထိုင်း နိုင်ငံသားတွေ ဆန္ဒပြမှုကြောင့် ရပ်နားလိုက် ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013