Home
မြန်မာသတင်း
လွှတ်တော်အမတ်များအား ဆက်သွယ်နိုင်မည့် မိုဘိုင်းအက်ပလီကေးရှင်းစတင်မိတ်ဆက်
ရန်နိုင်ဇော်ဝင်း
·
September 20, 2017
  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကော်မတီတွေကို မေးမြန်းဆက်သွယ်နိုင်မယ့် မိုဘိုင်းအက်ပလီကေးရှင်းတခုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ Open Hluttaw လို့နာမည်ပေးထားတဲ့ အက်ပလီကေးရှင်းမှာ လွှတ်တော်အမတ်တွေရဲ့ နာမည်တွေ၊ ကိုယ်ရေးအချက်အလက်နဲ့ ဖုန်းနံပါတ်စတာတွေ ထည့်သွင်းပေးထားတာပါ။ ဒါ့အပြင် သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေရဲ့နာမည်တွေနဲ့ ဖုန်းနံပါတ်တွေကိုလည်း ထည့်သွင်းပေးထားတဲ့ အတွက် ပြည်သူတွေအနေနဲ့ အလွယ်တကူ ဆက်သွယ်တိုင်ကြားလို့ ရတယ်လို့ အက်ပလီကေးရှင်းနဲ့ပတ်သက်ပြီး  ကိုစိုးလင်းထွဋ်က ပြောပါတယ်။ ဒီအက်ပလီကေးရှင်းကနေတဆင့်လည်း တိုက်ရိုက်ဆက်သွယ်တိုင်ကြားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ပိုမိုအဆင်ပြေနိုင်တယ်လို့ အမျိုးသားလွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက  ဒေါက်တာမြသောင်းကပြောပါတယ်။ ဒီအက်ပလီကေးရှင်းကို ညီမျှခြင်းမြန်မာနဲ့ ပဉ္စမမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်းရေးဆွဲတာလည်း ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းကို Google play store ကနေဒေါင်းလုပ် ပြုလုပ် ရယူနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024