ကာဗာနီနှင့် နေမာတို့ကို ပီအက်စ်ဂျီနည်းပြ သတိပေး

ဓာတ်ပုံ - အေအက်ဖ်ပီ
ပယ်နယ်တီနဲ့ ဖရီးကစ် ကန်သွင်းရာမှာ ပြဿနာဖြစ်ခဲ့တဲ့ ကာဗာနီနဲ့ နေမာတို့ကို နည်းပြ အူနိုင်းအမ်မရီက သတိပေး ပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီနဲ့ နေမာတို့ဟာ လိုင်ယွန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ပယ်နယ်တီနဲ့ ဖရီးကစ် ပြစ်ဒဏ်ဘောတွေကို နှစ်ဦးစလုံးက ကန်သွင်းလိုတာကြောင့် ပြဿနာ ဖြစ်ပွားခဲ့တာပါ။ နောက်ဆုံးမှာတော့ စီနီယာကစားသမားဖြစ်တဲ့ ကာဗာနီကပဲ ပယ်နယ်တီနဲ့ ဖရီးကစ်ပြစ်ဒဏ်ဘောတွေကို ကန်သွင်းခဲ့ပါတယ်။ တိုက်စစ်မှူး နှစ်ဦးစလုံးအနေနဲ့ ပြစ်ဒဏ်ဘောတွေကနေ ဂိုးသွင်းဖို့ အရည်အချင်းရှိတဲ့ ကစားသမားတွေဖြစ်ပေမယ့် ဒီလို အချေအတင် ဖြစ်နေမယ်ဆိုရင် တဦးကိုပဲ ကန်သွင်းစေဖို့ စီစဉ်သွားမှာဖြစ်ပြီး နောက်ထပ် အခုလိုပြဿနာမဖြစ်ဖို့ လိုတယ်လို့ နည်းပြ အူနိုင်းအမ်မရီက ဆိုခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီနဲ့ ဘရာဇီးတိုက်စစ်မှူး နေမာတို့ဟာ နိုင်ငံအသင်းတွေမှာ အဓိကပြိုင်ဘက်တွေဖြစ်တာကြောင့် ကလပ်အသင်းမှာ အခုလို အဆင်မပြေမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်သုံးသပ်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up