Home
မြန်မာသတင်း
ကလေးနှင့် ဖလမ်းမြို့နယ်တွင်မိုးကြီး မြေပြိုမှုဖြစ်ပွား
DVB
·
September 19, 2017
21761621_359496561156033_2272170369927486477_n
21616122_359496411156048_6398804648143033351_n
21616024_371516343268942_4418682321931136326_n
21558758_371516109935632_5187465976424263150_n
ကလေးမြို့နယ် တောင်ပိုင်း မြောက်စည်းရွာမှာ နိုင်ငံတော်က တည်ဆောက်ပေးထားတဲ့ ကမ်းထိမ်းနံရံဟာ မြစ်ရေတိုက်စားမှုကြောင့် ပေ ၁၀၀ လောက်မြစ်ထဲ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ အလားတူ ဖလမ်းမြို့မှာလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၉ ရက် မနက်က  ကျင်မွာလ်ရပ်ကွက်မှာ လူနေအိမ်တလုံး  မြေပြိုမှုဖြစ်ပွားခဲ့လို့ ထိခိုက်ပျက်စီးသွားတယ်လို့ ခရိုင်ပြန်ဆက်က သတင်းထုတ်ပြန်ပါတယ်။ နေအိမ်မီးဖိုချောင်နဲ့ ဧည့်ခန်းနံရံတွေ ပျက်စီးခဲ့လို့ အိမ်တွင်းပစ္စည်းတွေကို ဘေးလွတ်ရာနေရာသို့ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့နဲ့  မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူတွေ ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။ အလားတူ အဆိုပါ ရပ်ကွက်နေ ဦးချန်ထန်းနေအိမ်ဟာလည်း  ဒီကနေ့မနက် နေအိမ်အောက် မြေသားကျွံကျခဲ့ရာ စိုးရိမ်ရတဲ့  အခြေအနေကြောင့် အိမ်တွင်းပစ္စည်များကို ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ မိုးကြီးရေကြီးမြေပြိုမှုတွေကြောင့် မြစ်ကမ်းပါးအနီး နေထိုင်တဲ့ လူနေအိမ်တွေ ဘေးလွတ်ရာပြောင်းရွှေ့ပေးနိုင်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေကြပါတယ်။ ဓာတ်ပုံ- ဖလန်းခရိုင်ပြန်ဆက်/Si Houng Thar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024