ရုရှား-ဘယ်လာရုစ် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု သမ္မတပူတင် ကြည့်ရှု

ဓာတ်ပုံ - အေအက်ဖ်ပီ
3.6K
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ လီနင်ဂရက်ဒေသကို ရောက်လာပြီး ရုရှား-ဘယ်လာရုစ် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၈ ရက်နေ့က ကြည့်ရှုပါတယ်။
ဇာပဒ်-၂၀၁၇ (Zapad-2017) လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၄ ရက်က စတင်ပြီး စက်တင်ဘာ ၂၀ မှာ ပြီးဆုံးမှာပါ။
ဘယ်လာရုစ်-ရုရှား အနောက်ပိုင်းဒေသက လီနင်ဂရဒ်ဒေသနဲ့ ဘောလ်တစ် ပင်လယ်တွေမှာ နေရာခွဲပြီး စစ်ရေးလေ့ကျင့်မှာပါ။
စစ်သည်အင်အား ၁၂၇၀၀ ပါဝင်တယ်လို့ ရုရှားအစိုးရက ကြေညာပေမယ့် တကယ်တမ်းမှာ စစ်သည်အင်အား တသိန်းထိ ပါဝင်လေ့ကျင့်နေတယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။
နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကိုပါ ပစ်လွှတ်စမ်းသပ်နေတယ်လို့ စစ်ရေးလေ့ကျင့်မှုတွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတဲ့ နေတိုးအဖွဲ့က ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ခုခံကာကွယ်ရေးအတွက် သက်သက်သာဖြစ်တယ်၊ ဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်နေတာ မဟုတ်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်နေ့က ထပ်ပြောခဲ့ပါတယ်။