DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအား ကြိုဆိုကြောင်း ကြံ့ခိုင်ရေးပါတီပြော
DVB
·
September 19, 2017
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းအား ကြိုဆိုကြောင်း ကြံ့ခိုင်ရေးပါတီပြော
Donate to DVB

 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက်က ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကြိုဆိုတယ်လို့  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

နေပြည်တော်မှာ နိုင်ငံတကာသံတမန်တွေဖိတ်ကြားပြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ ဒေသငြိမ်းချမ်းရေးနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို နိုင်ငံတကာက နားလည်အောင်အဓိက ရည်ရွယ်ပြီး ပြောဆိုသွားတယ်လို့ နားလည်ကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ့် အပေါ်မှာတော့ စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။

“၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ကြိုဆိုလက်ခံပါတယ်။ သို့သော် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်မယ်ဆိုတဲ့ အပေါ်မှာတော့ ကျနော်တို့ စိုးရိမ်စိတ်ရှိတယ်။ အကြံပြုချက်တွေက ကျနော်တို့နိုင်ငံသားတွေနဲ့ နိုင်ငံသားမဟုတ်သူတွေကြား ဖြစ်တဲ့ ပြဿနာကနေပြီးတော့မှ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာရေး ပဋိပက္ခပုံစံမျိုးအထိ ဖြစ်ပေါ်နိုင်တဲ့ အသုံးအနှုန်းတွေ၊ အကြံပြုချက်တွေရှိနေတဲ့အတွက် ဒါကိုတော့ စိတ်ပူတယ်”

ပြီးတော့ လူ့အခွင့်အရေးထက် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ဖို့ လိုတယ်လို့လည်း ဒေါက်တာ နန္ဒာလှမြင့်က ဆက်ပြောပါတယ်။

“လူ့အခွင့်အရေးဆိုတာကို ကျနော်တို့ လေးစားပါတယ်။ နားလည်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးထက် ကျနော်တို့ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကို ကျနော်တို့ကာကွယ်ရလိမ့်မယ်”

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းက နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာနဲ့ နာရီဝက်ကြာ မိန့်ခွန်းပြောခဲ့ပြီး နိုင်ငံပိုင်မီဒီယာတွေကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013