Home
မြန်မာသတင်း
တောင်ကုတ်- ပြည်လမ်းတွင် ခရီးသည်တင်ကား ချောက်ထဲထိုးကျ၊ အနည်းဆုံး ၅ ဦးသေဆုံး
DVB
·
September 19, 2017
21752116_491071574581642_8392760901204983959_n
21751642_1443361639111116_3863331326837382735_n
21751474_465132957176050_3269086571821199705_n
21686260_491071514581648_2738346247757120794_n
21617714_491071611248305_1393641549952967707_n
21616471_465133003842712_8777529826107427976_n
21559002_465133027176043_4525640903001587479_n
21557625_491071561248310_7569444336937519513_n
19248087_491071511248315_940426362846894088_n
  ခရီးသည် အယောက် ၅၀လောက် တင်ဆောင်လာတဲ့ ရဲအောင်လံ အမြန်ယာဉ်တစီးဟာ ပဲခူးတိုင်းပန်းတောင်းမြို့နယ်၊ တောင်ကုတ်- ပြည်လမ်းမှာ ပေ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ ချောက်ထဲကို ထိုးကျခဲ့လို့ အနည်းဆုံးလူ ၅ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။ စက်တင်ဘာ ၁၈ ရက် ည၁၀ နာရီလောက်က တောင်ကုတ် ပြည်လမ်း- မိုင်တိုင်အမှတ်၄၂/၆မှာ စင်းလုံးဌား ခရီးသည်တွေလိုက်ပါလာတဲ့ ရဲအောင်လံ ကားဟာ ချောက်ထဲကို ထိုးကျသွားခဲ့တာပါ။ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ကိုကိုဦးက “ကုန်းရဲ့အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲပြုတ်ကျသွားတာပါ။ ကားပေါ်မှာ ခရီးသည်၅၀ ဦးပါတယ်လို့ ကြားရတယ်။ယောင်္ကျား ၂၈ ဦး အမျိုးသမီး ၂၂ဦးပါတယ်။ အဲ့ဒီမှာပေ၂၀၀ လောက်ရှိတဲ့ ချောက်ထဲကို ပြုတ်ကျသွားတာ။ ကျနော်ကြားတာကာ ကျား၂ ဦး မ၃ လို့ သေဆုံးတယ်လို့ ကြားတယ်။ ၄၅ ဦးဒဏ်ရာရ တယ်လို့ကြားတယ်။သေဆုံးသူအရေအတွက် ကိုတော့ ဒါက အတည်ပြုလို့ မရသေးဘူးလို့” ဒီဗွီဘီကိုပြောပါတယ်။ အဆိုပါကားဟာ  ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ဘုန်ကြီးပျံပွဲကိုသွားဖို့ တောင်ကုတ်ကနေ ရန်ကုန်ကိုထွက်လာတာဖြစ်ပြီး လိုက်ပါလာတဲ့ ခရီးသည်တွေဟာ အများစုဟာ တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာကဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကိုသွားရောက်ကူညီဆောင်ရွက်ခဲ့တဲ့ တောင်ကုတ်မြို့ လူထုအကျိုးဆောင် ကော်မတီမှ ဦးစည်သူကျော်ဇံက” ကျနော်တို့အခင်းဖြစ်ပွားတဲ့နေရာကို ရောက်သွားတဲ့အချိန်မှာ မနက် ၂နာရီလောက်ရှိနေပြီ။ လူ၃၇ ဦးကို အသက် ရှင်လျှက်အပေါ်ကို ကယ်တင်လာတယ်။ နောက်ကျန်တဲ့ လူတွေကို ၁၃ ဦးကားထဲမှာပိတ်မိတယ်။ အဲ့ဒီလူတွေသေဆုံး တယ်လို့ သတ်မှတ်ပါတယ်။ သူတို့ကိုလည်း ကယ်ထုတ်နေပါတယ်။ သယ်ဆောင်တဲ့ အလောင်းတွကိုတော့ ကျနော်တို့ သယ်လာပါတယ်။ " လတ်တလောရထားတဲ့ စာရင်းအရ ကားမတော်တဆမှုမှာ ကျား ၂ ဦး မ ၃ ဦး  ၅ ဦးက သေဆုံးပြီး သံဃာတပါးအပါအ၀င် ကျား ၂၆ ဦး၊ မ ၁၉ ဦးပေါင်း ၄၅ ဦးက ဒဏ်ရာရတယ်လို့ မြို့နယ်ရဲ တပ်ဖွဲ့မှူး ကိုကိုဦးကပြောပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ အပြီးသတ် အတည်မပြုနိုင်သေးဘူးလို့လည်းဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကို ဥသျှစ်ပင်ဆေးရုံကို ပို့ဆောင်ခဲ့ကာ အဲဒီကတဆင့် ပြည်မြို့ ပြည်သူ့ဆေးရုံကို ပရဟိတ အသင်းတွေက လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ကြပါတယ်။ သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ -ဇော်ဇော်၊ အောင်သူဟိန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024